part45

62.5K 5.5K 475
                                    

"တကူးတက အလုပ်ရှုပ်အောင်လို့ သားရှင်းရယ် သားလည်းအားတာမှ မဟုတ်ပဲ.."

"မရှုပ်ပါဘူး အန်တီနီလာရဲ့ ပြီးတော့ ငါးရံ့အူက ကြုံကြိုက်မှရတာလေ အဲ့ဒါနဲ့ ကိုကိုကြိုက်တက်တာ သတိရလို့ယူခဲ့တာ ဒါနဲ့ ကိုကိုရော နိုးပြီလား..."

"နိုးပြီထင်တယ် ခုနကတော့ ကောင်မလေးတွေ မျက်နှာသစ်ပေးဖို့ ဝင်သွားတာပဲ သား သွားကြည့်ချင်ရင် သွားကြည့်လေ လှေကားဘေးက အခန်းမှာပဲ ခဏနေနေတာ.."

စစ်နိုင်း၏ ခြေထောက်က ပြန်ကောင်းဖို့အချိန် ယူရအုံးမှာမလို့ အတက်အဆင်းခက်သော အပေါ်ထပ်အခန်းကနေ အောက်ထပ်အခန်း၌သာ ပြောင်းရွှေ့နေတာဖြစ်လေသည်။ဒေါ်နီလာတင့် ပြောသော်လည်း ရှင်းခန့်က မျက်နှာလေးပြုံးမဲ့မဲ့ဖြင့် မလှုပ်မယှက်သာရှိနေတာမလို့ ဆေးရုံမှာတုန်းက ဖြစ်ခဲ့တဲ့အချင်းအရာကို ဒေါ်နီလာတင့် အမှတ်ရသွားတော့သည်။ကိုယ့်သား၏ အပြုအမူကြောင့် သားရှင်းအပေါ် အနည်းငယ်မျက်နှာပူမိသည်။

"လာ သား အန်တီနဲ့အတူတူသွားမယ်လေ..."

ထိုအခါမှ ရှင်းခန့်က အသာအယာခေါင်းညိတ်ကာ လိုက်ပါလာလေသည်။သူမကိုယ်တိုင်လည်း အက်စီးဒင့်ဖြစ်ပြီးနောက်ပိုင်း သားရှင်းအပေါ် စိမ်းကားသွားသော သားဖြစ်သူ၏ အပြုအမူတို့ကို နားမလည်နိုင်ပေ။

"ဒေါက်....ဒေါက်....!" "နိုးနေပြီမဟုတ်လား သား..."

"..."

အခန်းထဲမှ တုံ့ပြန်သံကမလာချေ။စောစောကပဲ အခန်းထဲကို ကောင်မလေးတွေ မျက်နှာသစ် ကိုယ်လက်သန့်စင်ပေးဖို့ ဝင်သွားကြတာ သူမကိုယ်တိုင်မြင်လိုက်ရတာပဲ။အိပ်ပျော်နေတာတော့ မဖြစ်နိုင်ချေ။အတွေးနှင့်အတူ ဒေါ်နီလာတင့် တံခါးကို အသာတွန်းကြည့်မိတော့ အထဲမှနေ lockချထားတာမို့လို့ အံ့သြတကြီး ဖြစ်သွားရသည်။မကျန်းမာတဲ့ ဒီကာလတစ်လျှောက်လုံး အနားမှာအကူတစ်ယောက်ရှိမှ လှုပ်ရှားမှုပြုနိုင်တာမို့လို့ အခန်းတံခါးကို lockချတာမျိုး မလုပ်ခဲ့ပေ။အရေးရယ်အကြောင်းရယ်ဆို ဝင်ရထွက်ရလွယ်ကူအောင် ညဖက်အိပ်လည်း ဒီအတိုင်းစေ့ရုံသာထားတာ ဖြစ်သည်။

Green Eye(complete)Where stories live. Discover now