part 20

22.8K 3.1K 1.3K
                                    

"မင်းသွားကြည့်ချင်တဲ့ ပန်းခင်းကြီးကို လိုက်ပို့ပြီးပြီးဆိုတော့ ကိုယ့်ကိုစိတ်ကောက်နေတာတွေ ပြေသွားပြီမှတ်လား.."

"xီးမလို့ စိတ်ကောက်ရမှာလား စိတ်ကောက်ရအောင် ကျွန်တော်က မိန်းမလား"

ဒေါနက ပက်ကနဲ ပြန်ပြောတော့ စစ်နိုင်းက သေချာအခွံခွားထားသော ဂဏာန်းတွေကို ဒေါန၏ ပန်းကန်လုံးလေးထဲ ပုံထည့်ပေးလိုက်သည်။နေ့လည်နေ့ခင်း ဂဏာန်းလေးဘာလေး ကိုက်ရအောင်ဆိုပြီး ဖုန်းဆက်ခေါ်တာကို အကန်တွေချည်း လွှတ်နေလို့ ကိုမြတ်တို့ အိမ်အထိ သွားလိုက်ပင့်ခဲ့ရပြီး ဆိုင်ရောက်တော့ စားချင်တဲ့ကိုယ်က မစားရပဲ မစားချင်တဲ့သူ့ကို ဒိုင်ခံ ထိုင်ခွာပြီး ကျွေးနေရခြင်းသို့ ရောက်လေသည်။

"မင်း စကားကို ကောင်းကောင်း ပြောလို့မရဘူးလား ဆဲစရာမဟုတ်လည်းဆဲနေတာပဲ.."

စစ်နိုင်းက မကြိုက်သလိုမျိုး မျက်ခုံးတွေတွန့်ချိုးပြောတော့ ဒေါနက ပေစောင်းစောင်း ပြန်ကြည့်ပြီးတော့မှ...

"ခင်ဗျားအတွက် ဆဲစရာမဟုတ်ပေမဲ့ ကျွန်တော်အတွက်ကျ ဟုတ်ချင်ဟုတ်နေမှာလေ.."

ဒေါနပြောတော့ စစ်နိုင်းက မနိုင်ဘူးဆိုသော သဘောဖြင့် ခေါင်းခါယမ်းပြီးတော့မှ....

"ထားပါတော့ ကိုယ်ပြောချင်တာက မင်းစိတ်ထဲ ကိုယ့်အပေါ် ဖုထစ်နေတာတွေ မကြည်မလင် ဖြစ်နေတာတွေ မရှိတော့ဘူး မှတ်လားလို့ ပြောချင်တာ"

စစ်နိုင်းပြောတော့ ဒေါနက ပခုံးကို ဟန်ပါပါတွန့်ပြီးတော့မှ ဟင်းပွဲတွေကို ဟိုဟိုဒီဒီ မွှေနှောက်နေရင်းဖြင့်

"ကျွန်တော့်တို့ ဆက်ဆံရေးမှာ အဲ့ဒါတွေ စဉ်းစားနေဖို့ လိုလို့လား ကျွန်တော်တို့က sexနဲ့ချည်ထားတာလေ ခံစားချက်တွေနဲ့ ပျော်ဝင်နေရအောင် loveနဲ့ချည်ထားတာ မဟုတ်ဘူး ပြီးတော့ စိတ်ဆိုးတယ် စိတ်ခုတယ်ဆိုတာ တစ်နည်းအားဖြင့် ကိုယ်နေရာပေးထားတဲ့သူဆီက တူညီတဲ့တုန့်ပြန်မှုကို ပြန်မရလို့ ဖြစ်ပေါ်လာတဲ့ ခံစားချက်ပဲလို့ ကျွန်တော်တော့ နားလည်လက်ခံထားတယ်.."

ပြောရင်းဖြင့် ဒေါနက တူကို ပို၍တင်းအောင် ခပ်တင်းတင်း ဆုပ်ကိုင်၍ နှုတ်ခမ်းလွှာတို့အား တင်းကနဲ စေ့ပြီးတော့မှ ပင့်သက်ကိုှုရှိုက်ကာ စစ်နိုင်း၏ မျက်လုံးတွေထဲသို့ ခပ်စိုက်စိုက် ကြည့်ကာဖြင့်...

Green Eye(complete)Where stories live. Discover now