part 25

21.5K 3K 565
                                    

လက်ထဲမှ နာရီကို ပွတ်သပ်ကိုင်တွယ် ကြည့်နေရင်း ညကအဖြစ်အပျက်ကို ပြန်ပြောင်း သတိရမိတော့ စစ်နိုင်း၏ မျက်နှာကြီး အော်တိုမစ်တစ် ပြုံးပြုံးကြီးကြီး ဖြစ်လာရလေတော့သည်။

"ဟင် ဒါကဘာလေးလဲ..."

"ဘာမှမဟုတ်ဘူး ပြန်ပေး..."

ကုတင်ပေါ် ထိုင်ချရင်း သေသေသပ်သပ် ထုပ်ပိုးထားသော ဘူးလေးအား လက်ထောက်မိ၍ စစ်နိုင်း ကောက်ယူကြည့်ရင်း ရေရွတ်မိတော့ ဒေါန မျက်နှာကြီး ဖြန်းကနဲ ဖြစ်သွားရတော့သည်။
ဝယ်ခဲ့တုန်းကတော့ ဘာရယ်ညာရယ် မဟုတ်ပါပဲ တကယ်လည်း ခင်ဗျားအတွက် လက်ဆောင်ပါဆိုပြီး ပေးပစ်လိုက်ဖို့လည်း သတ္တိမရှိခဲ့တာအမှန်။မွေးနေ့တောင် သေချာအဖိတ်မခံရပဲနဲ့ ကိုယ့်ဖက်က လက်ဆောင်ကို တကူးတက ဝယ်ထားတယ်ဆိုတာကြီးက ရှက်စရာကောင်းတယ် မဟုတ်လား။အတွေးနှင့်အတူ ဒေါန၏ နားရွက်ဖျားလေးတွေ ရှက်သွေးကြောင့် ရဲတက်လာရကာ စစ်နိုင်း၏ လက်ထဲမှ ဘူးအား ပြန်လုလိုက်ပေမဲ့ စစ်နိုင်းက လက်မြှောက်ရှောင်ဖယ်ကာဖြင့် ဒေါနအား ပြုံးစိစိဖြင့် ကြည့်ပြီး....

"ကိုယ့်အတွက် မွေးနေ့လက်ဆောင်လား..."

စစ်နိုင်းမေးတော့ ဒေါန၏ မျက်ဝန်းလေးတွေ ပြူးပြူးပြာပြာ ဖြစ်သွားရပြီးတော့မှ...

"ဘာ ဘာကို မွေးနေ့လက်ဆောင်လဲ ဘာမှမဟုတ်ဘူး.."

ဒေါန မပွင့်တပွင့်ဖြင့်ပြောတော့....

"သေချာလို့လား.."

စစ်နိုင်းကပြောရင်းဖြင့်  ထုပ်ပိုးထားသော ဘူးလေးအား လျှပ်တပြတ် ဖွင့်ဖောက်လိုက်တော့ နက်စွေးနေသော နာရီလေးတစ်လုံး ထွက်ပေါ်လာလေတော့သည်။နာရီလေးကို သဘောတကျ ပွတ်သပ်ကိုင်တွယ် ကြည့်နေပြီးတော့မှ....

"မင်းက ဘယ်တုန်းကများ နာရီဝတ်ကျင့်ရှိလို့လဲ..."

စစ်နိုင်းက ခပ်စိုက်စိုက် ကြည့်ရင်းပြောတော့ ဒေါနက နှုတ်ခမ်းလေးအား ခပ်ဖိဖိကိုက်၍ ငြိမ်သက်နေပြီးတော့မှ...

"အရင်ကမရှိပေမဲ့ အခုရှိရင်ရှိမှာပေါ့..."

ိဂျစ်တစ်တစ် ထွက်ပေါ်လာသော လေသံလေးကြောင့် စစ်နိုင်းအသဲယားသွားရကာ နှာခေါင်းလေးအား ဆွဲညှစ်ဖို့ စိတ်ကူးပြီးကာမှ အကောင်အထည် မဖော်ဖြစ်တော့ပဲ နှုတ်ခမ်းတွန့်ပြုံး၍ နာရီလေးအား ဆွဲထုတ်လိုက်ကာ လက်မှာသေချာ ကျကျနန ဝတ်ဆင်လိုက်တော့သည်။ကိတ်ခွဲပြီးသွား၍ အခန်းမီးကို ပြန်ဖွင့်ထားတာမလို့ လင်းချင်းနေသော မီးရောင်ရဲ့အောက်မှာ နာရီနှင့်လက်က ပနံရစွာရှိနေလေတော့သည်။စစ်နိုင်းက မီးရောင်အောက်မှာ လက်ကိုသေချာ ထောင်ကြည့်နေပြီးတော့မှ...

Green Eye(complete)Where stories live. Discover now