part 16

50.5K 5.1K 385
                                    

"သမီးက တကယ်မရတာ သူ့အမေထက်ကိုဆိုးတယ် သူ့ကိုပေးထားတဲ့ ကတိဖျက်မိလို့ကတော့ ငါ့ကိုအကြီးအကျယ်တွေ ကောက်မှာကွ မင်းဖာသာပဲ သွားလိုက်တော့ ယောက်ဖရယ် နော်..."

ထင်ကျော်က တောင်းတောင်းပန်ပန် လေသံဖြင့် ပြောနေတော့ စစ်နိုင်း နှုတ်ခမ်းတဖက်ကို မဲ့ရွဲ့ပြီးတော့မှ..

"မင်းတို့ကောင်တွေ ဒီလိုချည်းပဲ ဒါပဲ ဖုန်းချလိုက်ပြီ.."

စစ်နိုင်းပြောရင်းဖြင့် ဖုန်းကို တီကနဲချပစ်ကာ ကားပါကင်ရှိရာသို့ ထွက်ခဲ့လိုက်တော့သည်။နေ့လည်စာကို အပြင်ထွက်စားကြဖို့ ချိန်းထားပြီးကာမှ ထင်ကျော်က သူ့သမီးကို အချိန်ပေးဖို့ ကတိပေးပြီးသားမလို့ သူ့ကိုခေါက်သွားခဲ့တာ ဖြစ်လေသည်။ရွာငံက ပြန်လာထဲက ၄ရက်ဆက်တိုက် မနားမနေ အလုပ်တွေ များသွားခဲ့လိုက်တာ
နေ့မှန်းညမှန်းတောင်မသိ။ဒီနေ့တော့ နေ့လည်ခင်းအချိန်လေးကို အပြင်ထွက် စားသောက်ရင်း ခဏတဖြုတ် brakeယူဖို့ စိတ်ကူးနှင့်ဖြစ်လေသည်။

ရှင်းခန့်ဆီကို ဖုန်းလှမ်းဆက်ဖို့ စိတ်ကူးပြီးတော့မှ မဆက်ဖြစ်တော့ပဲ တစ်ယောက်ထဲပဲ နားအေးပါးအေး ကောင်းပါတယ်ဟု တွေးကာ ထွက်လာခဲ့လိုက်တော့သည်။ကြားရက်ဆိုတော့ လမ်းပေါ်မှာ ကားအသွားအလာက သိပ်မကျပ်နေ။ကားကို ခပ်ဖြည်းဖြည်း စိတ်အေးလက်အေးသာ မောင်းရင်း အမှတ်မထင် ဘေးဘီကို ဝေ့ကြည့်မိတော့ ပလက်ဖောင်းပေါ် တလွှားလွှားဖြင့် လမ်းလျှောက်နေပါသော ဒေါနအား တွေ့လိုက်ရတော့သည်။လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ကာ နားနားကပ်ပြောနေရင်း ကျန်လက်တစ်ဖက်မှာလည်း ရေသန့်ဘူးကို ကိုင်ထားသေးသည်။

အဖြူရောင်တီရှပ် အကျပ်ကို ထုံးစံအတိုင်း အောက်ကဂျင်းအပြဲ တစ်ထည်ဖြင့် ခပ်ရိုးရိုး တွဲဝတ်ထားတာတောင်မှ နုသစ်လန်းဆန်းနေတာ ငြင်းမရ။တလွှားလွှား လမ်းလျှောက်နေတဲ့ အရှိန်ကြောင့် ဂုတ်ထောက်နေတဲ့ ကော်ဖီညိုရောင် လှိုင်းတွန့်ဆံပင်တွေ လေအဝှေ့မှာ ဝေ့ကနဲဝေ့ကနဲ ဝဲခါနေပုံက နေ့လည်ခင်းရဲ့ လေပြည်ထဲမှာ ထိုင်ငေးကြည့်နေချင်စရာ ဂန္တဝင်ကဗျာ...

!ရွာငံက ပြန်လာကတည်းက သူတို့အဆက်အသွယ် မရှိတာ ၄ရက်တောင်ရှိပြီပဲ ဒီကောင်လေးရော ဘာတွေများ အရှုပ်တွေလုပ်နေပါလိမ့်!

Green Eye(complete)Where stories live. Discover now