part 43

23.4K 3.3K 255
                                    

ပတ်ဝန်းကျင်တစ်ခုလုံး မြူလိုလိုအခိုးအငွေ့များဖြင့် ရစ်သိုင်းကာမှုန်မှိုင်းလို့နေသည်။ကိုယ်တိုင်တောင် ဒီအမှောင်ထုကြီးထဲသို့ ဘယ်လိုရောက်ရှိနေသလဲ စစ်နိုင်းမသိချေ။

"ဟင်! ဒေါန..."

မျက်စိရှေ့မှာ ရုတ်တရက်မြင်တွေ့လိုက်ရတဲ့ အရိပ်လေးကြောင့် စစ်နိုင်း နှုတ်မှရေရွတ်မိသည်။ပြီးတော့ ဒီအမှောင်ထုကြီးထဲ ဒေါနပါအတူတူ ရှိနေတယ်ဆိုသောအသိက သူ့အား တစ်မျိုးတစ်ဖုံအားတက်စေလေသည်။ဒေါန၏ လက်ကလေးအား ဆွဲယူဆုပ်ကိုင်လိုက်ပြီး

"ကိုယ် မင်းကိုလွမ်းနေတာ ဒေါနရဲ့ မင်း ဘယ်တွေများရောက်နေတာလဲ.."

စစ်နိုင်းမေးသော်လည်း ဒေါနက ပြန်မဖြေပါပဲ ညှိုးငယ်သောမျက်ဝန်းများဖြင့်သာကြည့်၍ ဆုပ်က်ိုင်ထားသော လက်အားရုန်းထွက်ကာ နေရာမှလှည့်ထွက်သည်။

"ဘယ်သွားမလို့လဲ ဒေါန ကိုယ်လည်းလိုက်မယ်လေ..."

စစ်နိုင်း ပြောရင်းဖြင့် လှည့်ထွက်သွားသော ဒေါန၏ လက်တစ်ဖက်အား ဖမ်းဆွဲလိုက်ပေမဲ့ အချည်းနှီးပင် ဖြစ်သည်။လေကိုသာ ဖမ်းဆုပ်မိလိုက်ပြီး လှည့်ထွက်သွားသော ဒေါန၏ ကျောပြင်လေးကိုသာ မြင်လိုက်ရသည်။သူပြောနေတဲ့ စကားကိုတော့ အဖက်မလုပ်ပေ။ဒေါနရဲ့ ပုံစံက သူ့ကိုတကယ်ကြီး ကျောခိုင်းစွန့်ပစ် ထားခဲ့တော့မှာလိုမျိုးပဲလို့ စိတ်ထဲထင်နေမိတာ ဘာကြောင့်မှန်းမသိပေ။

"ဒေါန ကိုယ့်ကိုစောင့်ပါအုံး အတူတူသွားမယ်လေ"

စစ်နိုင်းပြောရင်းဖြင့် အနောက်မှ အမှီလိုက်ဖို့ ကြိုးစားပါသော်ငြား ခြေထောက်ကိုက အားအင်ဆုတ်ယုတ်နေကာ စိတ်သွားတိုင်ကိုယ်မပါပေ။ခြေထောက်က ရွှေ့မရတော့ အချိန်ခဏလေးအတွင်းမှာပဲ ဒေါနသည်လည်း သူနှင့်ခြေလှမ်းများစွာ ကွာဝေးသွားခဲ့ပြီဖြစ်သည်။

"ဒေါနရေ့....ကိုယ်ခေါ်နေတာကြားရဲ့လား ကိုယ့်ကိုခဏလောက် စောင့်ပါအုံးကွာ..."

စစ်နိုင်း အသံကိုပိုမြှင့်၍ အော်ခေါ်မိတော့ ဒေါန၏ ကျောပြင်လေးက ရပ်တန့်သွားကာ လည်ပြန်လှည့်ကြည့်လို့လာသည်။ညှိုးငယ်နေသော မျက်နှာထားလေးဖြင့် ဒေါနဟာ သူ့ကိုနောက်ဆံတင်းနေသလိုပါပဲ။သူ့ဆီကို အပြေးအလွှား ပြန်လာချင်နေတဲ့ အမူအယာတွေကို အဲ့ဒီမျက်ဝန်းတွေထဲမှာ သူဖမ်းဆုပ်မိလိုက်တယ်။ဒါနဲ့များ ဘာဖြစ်လို့ သူ့ကိုထားပြီး ထွက်သွားတော့မလို ပြုမူနေရတာလဲ နားမလည်နိုင်ပေ။

Green Eye(complete)Where stories live. Discover now