part 40

57K 5.2K 654
                                    

"ရှင်းခန့်မောင်..."

နာမည်ကို အစအဆုံး တစ်လုံးချင်းအေးစက်စွာ ခေါ်လာသော ဒေါန၏ အသံကြောင့် ရှင်းခန့် ထမင်းစားနေတာကို ရပ်တန့်ကာ မော့ကြည့်မိသည်။တင်းမာနေသော ဒေါန၏ မျက်နှာထားကြောင့် လူကအလိုလို သတိအနေအထား ဖြစ်သွားရသည်။

"ပြီးရင် ပန်းရုံထဲလာခဲ့ ငါမင်းနဲ့ရှင်းစရာရှိတယ်..."

ခပ်တင်းတင်း ပြောပြီးတာနှင့် ဒေါနက လှည့်ထွက်သွားတာကြောင့် ရှင်းခန့် အချိန်မဆွဲတော့ပဲ နောက်မှလိုက်ခဲ့လိုက်သည်။ပန်းရုံထဲမှာ ဒေါနက ခါးထောက်ရပ်နေရင်း ရှင်းခန့် လျှောက်ဝင်လာတာကိုမြင်တော့ သောက်လက်စ ဆေးလိပ်တိုအား မြေပေါ်သို့ ပစ်ချ ဖိနင်းချေပစ်သည်။

"ဘာတွေများ ရှင်းစရာရှိနေလို့လဲ.."

ရှင်းခန့်က မေးတော့ ဒေါနက စူးရဲစွာစိုက်ကြည့်ရင်း ရှင်းခန့်၏ အင်္ကျီရင်ဘတ်အစအား ခပ်ကြမ်းကြမ်း ဆောင့်ဆွဲဆုပ်ကာ....

"မင်းက ဘာဖြစ်ချင်နေတာလဲ ဘာစောက်ဇယားတွေ လာရှုပ်နေတာလဲ ရှင်းခန့်မောင် ဟမ်..."

ဒေါနဖက်ကသာ စိတ်တိုသံဖြင့် အံကြိတ်ပြောနေသော်လည်း ရှင်းခန့်ကတော့ အရာအားလုံးကို ကြိုတင်မှန်းဆ၍ ပြင်ဆင်ထားသလိုမျိုး တည်ငြိမ်သွေးအေးစွာ ရှိနေလေသည်။

"ငါ့ဘဝကို ဒီလောက်အထိ လိုက်စွက်ဖက်နေရအောင် မင်းကဘာကာင်မို့လို့လဲ အဖေပါအမေပါမလို့သာ တစ်အိမ်ထဲအတူနေနေရတာ မင်းနဲ့ငါ ဘာပတ်သတ်ဆက်နွယ်မှုများ ရှိနေလို့လဲ ငါ့ဘဝ ငါ့ကိစ္စတွေ မွေးထားတဲ့အမေတောင်မှ ဝင်မစွက်ဖက်တာ မင်းလိုကောင်က ဘာကိစ္စနဲ့ ဝင်ပါချင်နေတာလဲ..."

"စွက်ဖက်တယ် ဝင်ပါတယ်လို့တော့ မဟုတ်ပါဘူး ငါအရိပ်အောက်က ငါ့ရဲ့ပိုင်ဆိုင်မှုကို သူများမလုယူနိုင်အောင် ကာကွယ်လိုက်တဲ့သဘောပါပဲ..."

"ဘာပြောတယ်...!"

"...."

"ပိုင်ဆိုင်မှု ဟက်လား ငါက မင်းရဲ့ပိုင်ဆိုင်မှုလား ငါကို မင်းကပိုင်တယ်ဆိုတဲ့ သဘောလား"

ဒေါန၏ အမေးစကားအား ရှင်းခန့်က ဆတ်ခါဆတ်ခါ ခေါင်းညိတ်ပြရင်း

Green Eye(complete)Where stories live. Discover now