"ရှင်တစ်ယောက်ထဲ ဖြစ်ပါ့မလား ကိုမင်းမောင်.."
"ဖြစ်ပါတယ် သွားရမဲ့ကိစ္စက မသွားလို့မှ မရဘဲ.."
ခင်ပွန်းဖြစ်သူ ပြောတော့ ဒေါ်ချိုမာဇင်က အလိုမကျစွာ မျက်ခုံးတို့ တွန့်ကုပ်သွားပြီးတော့မှ...
"ရှင့်ကိုယ်ရှင် အရင်လို ၁၆နှစ်ထင်မနေနဲ့ အခုမှ နေကောင်းခါစကို.."
ဦးမင်းမောင်က စိတ်က ဆောင်နေလို့သာ ဟိုအရင်တုန်းကလို ဖြိုးကနဲ ဖျတ်ကနဲ မှော်ထဲဆင်းဖို့ဆိုတာ ၃ခေါက်ကြံမှ ၁ခေါက်လောက်သွားဖြစ်တာမျိုး။ရွှေတွင်းဆိုတာကလည်း ကိုယ်တိုင်ကိုယ်ကျ ဆင်းမှ လိုက်မှ အဆင်ပြေတာမျိုး ဆိုတော့လည်း မသွားလို့ကမဖြစ်။
အခုလည်း ရွှေတွင်းထိဆင်းကာ ရွှေလိုက်ဖို့ကိစ္စဖြင့် ခရီးထွက်ရမှာကို ဒေါ်ချိုမာဇင် စိတ်မချနိုင် ဖြစ်နေတာဖြစ်သည်။"ဘာမှမဖြစ်ပါဘူးကွာ မင်းက ပူတက်ရန်ကော..."
ဦးမင်းမောင်၏ စကားကြောင့် ဒေါ်ချိုမာဇင် သက်ပြင်းရှိုက်ပြီးတော့မှ ညစာကို တို့တို့တိတိဖြင့် စိတ်မပါလက်မပါ တာဝန်ဝတ္တရားအရ စားသောက်နေသော သားတော်မောင် ဒေါနအား ဝေ့ကြည့်ပြီးမှ...
"ဒေါနကို ခေါ်ရင် ခေါ်သွားပါလား အခုတွဲလိုက်ပြီး သင်စရာရှိတာ သင်ထားတော့ ကောင်းတာပေါ့ နောက်လည်း သူတို့ပဲ လုပ်ရမဲ့အလုပ်တွေပဲ"
ဒေါ်ချိုမာဇင်၏ စကားကြောင့် ဦးမင်းမောင်၏ မျက်ဝန်းများက ဒေါနဆီသို့ ဝေ့တက်လာပေမဲ့ ဒေါနကတော့ မျက်လွှာတောင် ပင့်တက်မလာပဲ ဖန်ခွက်ထဲမှ ရေကိုမော့ချပြီးတော့မှ....
"ကျွန်တော် မအားဘူး.."
ဒေါနဆီမှ ခပ်ပြတ်ပြတ် ထွက်လာသော အသံကြောင့် ဒေါ်ချိုမာဇင် မျက်မှောင်တို့ တွန့်ချိုးသွားရပြီးမှ သက်ပြင်းကို အသာအယာချကာ..
"ဒါဆိုလည်း မင်းအန်ကယ်မရှိတုန်း အလုပ်တွေထဲ ဝင်ကူဦး.."
မိခင်ဖြစ်သူ၏ စကားကြောင့် ဒေါန မျက်ခုံးတို့ တွန့်ကုပ်သွားကာ ကျစ်ကနဲ မဲ့ပြီးတော့မှ လက်ထဲမှ ဇွန်းကိုချကာ
"ကျစ်! ကျွန်တော် မအားပါဘူးဆို အမေရာ"
ပြောပြီးမှ နေရာမှ ထရပ်ပြီး....

YOU ARE READING
Green Eye(complete)
General Fiction!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အမှန်တော့ မင်းက က်ိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ...! ...