part 10

24K 2.7K 557
                                    

ထိုပုံစံအတိုင်း နှစ်ယောက်သား စက္ကန့်များစွာ တိတ်ဆိတ်နေမိပြီးမှ
ဒေါနက ခန္ဓာကိုယ်ကို အနည်းငယ်လူးလွန့်လိုက်ကာ စစ်နိုင်း၏ ရင်ဘတ်အား အသာအယာတွန်း၍...

"ခင်ဗျား ဖယ်အုံး.."

ထိုအခါမှ စစ်နိုင်းတို့ စိတ်နှင့်ကိုယ် လမိုင်းကပ်မိရကာ မျက်ခုံးတို့အား ပင့်လိုက်ပြီးမှ ဒေါန၏ ကိုယ်ပေါ်မှ ဖယ်ခွာပေးရန် ကြိုးပမ်းလိုက်တော့ ခါးတစ်လျှောက် စူးအောင့်တက်လာတာကြောင့် မျက်နှာကြီး ရှုံ့မဲ့သွားရတော့သည်။

"အ့! ကျစ်!..."

မျက်မှောင်တွေ တွန့်ချိုးသွားကာ ငြီးငြူသံသဲ့သဲ့ နှင့်အတူ ကျစ်ကနဲ စုတ်သပ်ငြီးငြူသော စစ်နိုင်းကြောင့်....

"ဘာဖြစ်လို့လဲ ဘာဖြစ်သွားတာလဲ.."

ဒေါနမေးတော့....

"ခါးနာသွားလို့..."

နာမှာပေါ့။မနာမှသာ ထူးဆန်းနေမှာ။တာယာတွေ ပုံထပ်ထားတာ နည်းတာမှ မဟုတ်ဘဲ။ကားတာယာဘီး တစ်ခုရဲ့ အလေးချိန်ကရော နည်းလို့လား။သူ့ကို အုံ့မိုးကာကွယ်ထားပေးလို့ သူသက်သာသွားပေမဲ့ စစ်နိုင်းအတွက်တော့ သက်သာလှမှာမဟုတ်။အတွေးနှင့်အတူ ဒေါန အားနာစိတ်လေး ဖြစ်သွားရတော့သည်။

"အာစရိ ဘာဖြစ်သွားလဲ..."

ဖိုးနီတို့ အုပ်စုတွေ ဂွင်းတွေဂွတွေ ပစ်ချပြီး အပြေးရောက်လာကာ ပိနေသော တာယာဘီးတွေကို ဖယ်ထုတ်ရင်း အမောတကော မေးတော့မှ...

"ငါ ဘာမှမဖြစ်ဘူး သူ့ကိုထူပေးလိုက်အုံး..."

ခါးနာ၍ မိမိအပေါ် မှောက်ခုံကြီးဖြစ်နေသော စစ်နိုင်းအား မေးငေါ့ပြလျှက် ဒေါနက ပြောတော့မှ ဖိုးနီတို့ စစ်နိုင်းအား သတိရကာ ကမန်းကတမ်း ဆွဲထူကြရတော့သည်။ဒေါနလည်း နေရာမှ လူးလဲထရင်းဖြင့် စစ်နိုင်းကို ဆွဲခေါ်သွားရာ ဝပ်ရှော့ရုံထဲသို့ လိုက်ဝင်ခဲ့လိုက်တော့သည်။

"အကို မထိုင်နိုင်ဘူး ထင်တယ် အနောက်ခန်းထဲ ခဏလှဲနေလိုက်လေ အားကွေ့ ဆေးဘူးသွားယူတယ် ခဏနေ လာရင် လိမ်းလိုက်ပေါ့.."

ဖိုးနီက ပြောရင်းဖြင့် စစ်နိုင်းအား ဝပ်ရှော့ရုံ၏ အနောက်ဖက်ရှိ ကန့်ထားသော နားနေခန်းလေးထဲသို့ တွဲပို့လေးသည်။ဒီအခန်းလေးက အများသောအားဖြင့် ဒေါနလာတဲ့အခါမျိုးမှာ အနားယူလို့ရအောင် ကိုမြတ်က သီးသန့်အခန်းလေး ကန့်ထားပေးတာဖြစ်သည်။

Green Eye(complete)Where stories live. Discover now