part 6

51.8K 5.8K 1K
                                    

Zawgyi

"နိုးပြီလား ဒေါန.."

အိပ်ရာနိုးနိုးချင်း ဆေးရုံအခန်းထဲ အထုပ်တွေဆွဲကာ ဒရောသောပါး ဝင်လာသော ရှင်းခန့်အား တွေ့လိုက်ရ၍ ဒဏ်ရာကြောင့် မကြည်လင်သော စိတ်အခံက နောက်ကျိ ရှုပ်ထွေးသွားရတော့သည်။မနေ့က ဆေးရုံကို ကိုနိုင်း ပွေ့ချီပြေးလာတာတွေရော ဒဏ်ရာကို အစိမ်းချုပ်ရတာတွေရော ပြီးတော့ ကိုနိုင်းက သူ့အတွက် သွေးလှုလိုက်တာရော အားလုံးကို မှတ်မိသိရှိနေခဲ့ပြီး ဆေးအရှိန်နဲ့ အိပ်ပျော်သွားသည့်အထိ အိမ်က ဘယ်သူမှ မရောက်လာတာ သိနေခဲ့သည်။

ရှင်းခန့်က လက်ထဲမှ အထုပ်တွေကို စားပွဲပေါ်တင်လိုက်ပြီးမှ...

"မျက်နှာသစ်ပြီးပြီလား မေချိုခုနက ဖုန်းဆက်မေးတယ် ဆိုင်အရင်ဝင်ပြီးမှ လာခဲ့မယ်တဲ့.."

ရှင်းခန့်၏ စကားကြောင့် ဒေါန အင်းမလုပ်အဲမလုပ်ဖြင့်သာ ခေါင်းကိုဆတ်ပြသည်။ဒေါန နိုးနိုးလာချင်းမှာပဲ ဇွဲထူးက မျက်နှာသစ်ပေးပြီးမှ အိမ်သို့ ပြန်သွားတာဖြစ်သည်။မပြန်လို့လည်းမဖြစ် သူလည်း ရန်ပွဲနွှဲမိတဲ့ ကိစ္စဖြင့် အိမ်မှာ ရှင်းရလင်းရဦးမယ် မဟုတ်ပါလား။

"မနက်စာ ဆန်ပြုတ်ပဲ ဝယ်ခဲ့လိုက်တယ်.."

ရှင်းခန့်က ဆန်ပြုတ်ကို ပန်းကန်ထဲထည့် ပြင်ဆင်ပေးနေရင်း ပြောတော့ ဒေါန မျက်မှောင်ကြုတ်မိသွားသည်။ဝေ့ဝဲလာသော ဆန်ပြုတ်နံ့က လူနာစော်နံနေ၍ ဒေါန နှာခေါင်းရှုံ့မိသည်။ငယ်စဉ်ထဲက ဖျားနာခဲတဲ့ သူဖြစ်သည့်အပြင် ဖျားရင်လည်း ဘယ်တုန်းကမှ ဆန်ပြုတ်ကို သောက်တက်တဲ့ အလေ့အကျင့် ရှိမနေခဲ့တာ။

"ထားလိုက် မသောက်ချင်ဘူး.."

ဒေါနဆီမှ အေးစက်စက် စကားသံတို့ ထွက်လာတော့ ရှင်းခန့်က လှည့်ကြည့်လာကာ...

"ဘာဖြစ်လို့လဲ ဆေးသောက်ရမယ်လေ.."

ရှင်းခန့်က ပြောပြီးတော့ ပြန်လှည့်သွားကာ ပြင်ဆင်နေရင်းဖြင့်...

"ဘာလဲ မေချိုမလာလို့ စိတ်ကောက်နေတာလား စိတ်မကောင်း ဖြစ်မနေပါနဲ့ မင်းကို တမင် ဂရုမစိုက်တာမျိုး မဟုတ်ပါဘူး အလုပ်က တကယ်အရေးကြီးလို့ပါ ခဏနေ ရောက်လာမှာပါ.."

Green Eye(complete)Where stories live. Discover now