part 14

52.6K 5.1K 561
                                    

"မနက်ဖြန် တစ်ညလောက် ဆိုရင်တော့ ကလေးက စိတ်ချရပါပြီ.."

စစ်နိုင်းက ကလေးကို လိုအပ်တာတွေ စမ်းသပ်စစ်ဆေး ကြည့်ရှုရင်း ပြောတော့ ကလေးအဖေရော အမေရောကပါ ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ခေါင်းညိတ်ကြသည်။ရိုးသာတဲ့ တောင်ပေါ်သားတွေမလို့ ကျေးဇူးစကားတို့ကို နှုတ်မှဝေဆာနေအောင် ပြောမနေသော်ငြား အမူအယာတို့က တလေးတစား ရှိလှတာ သိသာလွန်းလှလေသည်။

"မနေ့ညက လူလည်း အပူဇောတွေနဲ့ ဆရာတို့ကို သေချာဧည့်ဝတ် မကျေနိုင်လိုက်တာ ခွင့်လွှတ်နော့.."

ကလေး၏ အဘွားဖြစ်သူက ဓနုသံဝဲဝဲဖြင့် ပြောရင်းဖြင့် ခြင်ထောင်တွေစောင်တွေ တပွေ့ကြီးဖြင့် သူတို့ထိုင်နေရာ အိမ်ရှေ့ခန်းသို့ ရောက်လာလေတော့သည်။ညတုန်းက ဖြစ်သလိုတိုးဝှေ့ အိပ်လိုက်ရတာကို အားနာနေပုံရကာ အခုမှပဲ အိပ်ရာအိပ်ခင်းတွေကို သေချာပြင်ဆင် နေရာချပေးနေလေသည်။ကျေးလက်ဖက်က အိမ်တွေဆိုတော့ ဧည့်ခန်းစောင်ခန်းရယ်လို့ သီးသန့်မရှိပဲ ဘုရားကျောင်းဆောင် အပြင်ဖက် အိမ်ရှေ့မျက်နှာစာမှာသာ သူတို့ကိုနေရာချပေးလေသည်။

"ဆရာလေးတို့ ခြေဆန့်လက်ဆန့် နားချင်ရင်နားလို့ ရပြီနော် ရွာမှာက မနက်ဆို တောင်ယာစောစောဝင်ရတော့ ညဆိုလည်း စောစောနားကြတာပဲ"

အဒေါ်ကြီးက ပြောရင်းဖြင့် နောက်ထပ်အိပ်ရာတစ်ခုကို ထပ်ပြီးပြင်နေတာမလို့ စစ်နိုင်း မျက်ခုံးတို့ပင့်သွားရပြီးမှ...

"အာ အိပ်ရာက တစ်ခုဆိုရပြီဗျ ကျွန်တော်တို့ တူတူအိပ်လိုက်ပါ့မယ်.."

စစ်နိုင်း၏ စကားကြောင့် ဒေါန မျက်ခုံးတွန့်သွားရကာ...

"မဟုတ်ဘူး အဒေါ် သပ်သပ်စီပဲ အိပ်မှာ.."

တပြိုင်နက်ထဲ တစ်ယောက်တစ်မျိုးစီ ထွက်ပေါ်လာသော စကားသံကြောင့် အဒေါ်ကြီးခမျာ အိပ်ရာပဲ ဆက်ခင်းရမလိုလို ပြန်ပဲသိမ်းရတော့မလိုလိုဖြင့် ဝေခွဲမရဖြစ်သွားရတော့သည်။

"ဒီလောက်အေးတာကို ဘယ်လိုသပ်သပ်စီလဲ အတူအိပ်ရမှာပေါ့"

စစ်နိုင်းကပြောတော့...

Green Eye(complete)Where stories live. Discover now