ထမင်းစားသောက်ပြီး ဦးမင်းမောင်နှင့် အလ္လာပသလ္လာပ အတန်ကြာအောင် ထိုင်ပြောပြီးမှ ပြန်ထွက်လာသည့်အထိ ဒေါနကတော့ အရိပ်အယောက်ပင် မတွေ့ရ။အခန်းပဲ အောင်းနေသလား အိမ်မှာပဲ မရှိတာလား။
"ဒေါနတောင် ဒီနေ့ ပြန်လာမယ်ထင်တယ်"
နှစ်ယောက်အတူ ဧည့်ခန်းထဲ ဖြတ်လျှောက်လာရင်း ရှင်းခန့်က ပြောတော့ စစ်နိုင်းတို့ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ဖြစ်သွားရလေတော့သည်။ရှင်းခန့်ကတော့ ဘာရယ်မဟုတ် ဒီအတိုင်း ပြောလိုက်သော်ငြား စစ်နိုင်းအတွက်တော့ အဆင်သင့်သွားရတော့သည်။
"သူက ဘယ်သွားနေလို့လဲ.."
"သူ့ကောင်လေးနဲ့ Anni dayအတွက် ခရီးထွက်တယ်လို့ ပြောတာပဲ.."
!ဟိုတစ်နေ့ကကျ သူနဲ့အိပ်သွားပြီး နောက်နေ့ကျ Anni dayအတွက် ခရီးထွက်တာတဲ့လား။ရဲဇင်နဲ့က ပြတ်တာလား မပြတ်တာလား အခုကရော ဘယ်ကောင်နဲ့ပါသွားပြန်တာလဲ..!
"ဘာဖြစ်လို့လဲ ကိုကို.."
စိတ်က ဖြစ်သွားတာနှင့် လှမ်းနေမိသော ခြေလှမ်းတို့တန့်သွားရတာကြောင့် ရှင်းခန့်က စောင်းငဲ့ကြည့်ကာ မေးလေသည်။
"အဟမ်း!..ဘာမှမဖြစ်ပါဘူး အဲ့ဒါဆို ကိုယ်ပြန်တော့မယ်လေ ညီလည်း အေးဆေးအနားယူအုံး"
စစ်နိုင်း ပြောတော့ ရှင်းခန့်က ခေါင်းညိတ်ပြပြီးမှ...
"အော် sundayကျ ချိန်းထားတာ မမေ့သွားနဲ့အုံးနော်"
ရှင်းခန့်က sundayကို သူ့သူငယ်ချင်းရဲ့ အသစ်ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးကို အတူသွားကြဖို့ ချိန်းထားတာ ဖြစ်လေသည်။
"မမေ့ပါဘူးဗျာ ဒါဆို ကိုယ်သွားပြီ Good night.."
ရှင်းခန့်အား နှုတ်ဆက်ပြီးမှ စစ်နိုင်း ခြံထဲသို့လျှောက်လာရင်းဖြင့် ဘေးတံခါးမှ ဖြတ်မပြန်တော့ပဲ အိမ်ရှေ့ခြံတံခါးဝသို့သာ လျှောက်ခဲ့လိုက်တော့သည်။ရှာနေတုန်းက မတွေ့ပဲ မရှာတော့မှ အရှေ့တည့်တည့် လာတိုးသော ဒေါန။ကျောပေါ်မှာလည်း ကျောပိုးအိတ်ကို လွယ်ထားတာမလို့ ခရီးက ပြန်ရောက်လာမှန်း သိသာပါသည်။
YOU ARE READING
Green Eye(complete)
General Fiction!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အမှန်တော့ မင်းက က်ိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ...! ...