part 42

49.7K 5.1K 200
                                    

ဒီနေ့နဲ့ဆို ဟန်စစ်နိုင်း သတိမေ့နေခဲ့တာ ၅ရက်ရှိပြီဖြစ်သည်။အသက်အန္တာရာယ် မစိုးရိမ်ရတော့ဘူး ဆိုသော်ငြားလည်း သတိပြန်မလည်လာသေးတာကိုတော့ အားလုံးက ရတက်မအေးနိုင်ပေ။သတိပြန်လည်သင့်တဲ့ ရက်ထက်ကို ပိုကြာနေပြီမလို့ ကိုမာဝင်သွားမှာကို အားလုံး စိုးရိမ်နေကြရသည်။ကုသမှုမှာ ဘာအမှားအယွင်းမှ မရှိတာတောင်မှ ဟန်စစ်နိုင်း၏ အခြေအနေက ထူးခြားမှုမရှိလာခဲ့ပေ။ဒေါန ကိုယ်တိုင်လည်း နေ့တိုင်း ဆေးရုံကို လာစောင့်ဖြစ်နေပေမဲ့ ဟန်စစ်နိုင်း၏ အမေက အခန်းထဲ အမြဲရှိနေတာမလို့ ဒေါနအတွက်တော့ အပြင်ကစောင့်ကြည့်ဖို့သာ အခွင့်သာခဲ့သည်။နေ့စဉ်နေ့တိုင်း အခန်းအပြင်ဖက် ခပ်လှမ်းလှမ်းကနေသာ စောင့်ကြည့်ရင်း ဟန်စစ်နိုင်း သတိရလာဖို့သာ မျှော်လင့်နေမိ၏။

"ရောက်နေတာကြာပြီလား ဒေါန.."

အသံကြောင့် လှည့်ကြည့်မိတော့ ခြင်းကြီးခြင်းငယ်ဆွဲ၍ ရောက်လာသော မမဟန်နီတို့ လင်မယားနှင့်အတူ အိမ်အကူကောင်မလေးကိုပါ တွေ့လိုက်ရသည်။

"သိပ်မကြာသေးပါဘူး မမ..."

"လာလေ အထဲဝင်လေ..."

မမဟန်နီခေါ်တော့ ဒေါန ခေါင်းကို အသာယမ်းပြကာ...

"မဝင်တော့ဘူး မမ ကျွန်တော် အပြင်မှာပဲ စောင့်ပြီး ညနေလောက်ကျ ပြန်တော့မှာ.."

ဒေါနပြောတော့ ဟန်နီက နားလည်စွာ ခေါင်းညိတ်ပြသည်။ပြီးမှ သူမ၏မူပိုင် ကြင်နာတက်သော အပြုံးနွေးနွေးဖြင့်

"မာမီက အခုပဲ မမအမျိုးသားနဲ့ အိမ်ပြန်လိုက်သွားမှာတော့မှာမို့လို့
မပြန်နဲ့အုံးလေ လာပါ အထဲမှာဝင်ထိုင်ပါအုံး..."

မမဟန်နီက လက်မောင်းကိုပါ အတင်းဆွဲ၍ခေါ်နေတာကြောင့် ဒေါနမငြင်းဆန်နိုင်တော့ပဲ အခန်းထဲသို့ လိုက်ပါခဲ့ရ၏။အခန်းအထဲသို့ရောက်တော့ ဟန်စစ်နိုင်း၏အမေက အတန်ငယ်မှိန်ဖျော့နေသော မျက်ဝန်းများဖြင့် ဒေါနအား ဝေ့ကြည့်လာတာကလွဲလို့ ဘာမှမပြောပေ။မမဟန်နီဆီသို့သာ ဦးတည်၍...

"မာမီ ရေမိုးချိုးပြီးရင် ပြန်လာခဲ့မယ် ခဏပဲ သမီး..."

"မဟုတ်တာ ဒီည သမီးစောင့်အိပ်မှာပါ ရက်ဆက်ဖြစ်နေတော့ မာမီလည်းအရမ်းပင်ပန်းနေပြီလေ အနားယူလိုက်ပါအုံး တော်ကြာ မာမီပါလဲသွားလိမ့်မယ် ဒီကိုမပူပါနဲ့ သမီးတစ်ယောက်လုံး ရှိပါတယ်။မနက်ဖြန်ကျ ဒယ်ဒီလည်းလာမှာပဲ..."

Green Eye(complete)Where stories live. Discover now