part 7

22.6K 2.7K 299
                                    

"နောက်၂ရက်လောက်ဆို ဆင်းလို့ရပါပြီ.."

စစ်နိုင်းက စမ်းသပ်သင့်တာ စမ်းသပ်ပြီး လူနာမှတ်တမ်းကို စစ်ဆေးနေရင်း ပြောတော့ ဒေါန မျက်နှာရှုံ့မဲ့ သွားရတော့သည်။ဆေးရုံမှာ ရက်ရှည်နေရလို့ ပျော်နေတက်တဲ့ လူနာမျိုး ဘယ်မှာရှိလို့လဲ။

"ဒီနေ့ပဲ ဆင်းလိုက်လို့ မရဘူးလား.."

ဒေါန၏ စကားကြောင့် စစ်နိုင်း မျက်ခုံးတို့ ပင့်တက်သွားပြီးမှ...

"လိုအပ်သလောက်တော့ နေရမှာပေါ့ နဂိုထဲက ဆေးရုံမှာ မနေချင်ရင် မနေရအောင် ဆင်ခြင်ခဲ့သင့်တာ"

ပြောပုံကိုက ကိုယ်ကပဲ မဆင်မခြင် ဓားရှေ့ ပြေးထိုးခံခဲ့သည့်အတိုင်း။အမှန်ဆို ခင်ဗျားကို ထိမှာစိုးလို့ ဝင်ခံလိုက်ရတာ မဟုတ်လားလို့ ပက်ကနဲ ပြန်ပြောပစ်လိုက်ချင်စိတ်က လည်ချောင်းတစ်လျှောက် ဆန်တက်လာသည်။စစ်နိုင်းကလည်း စူးကနဲ ဝေ့တက်လာသော စိမ်းညို့ညို့ မျက်ဝန်းများထဲမှ စကားများကို နားလည် သဘောပေါက်နေသည့်အလား

"ကိုယ့်ကို ထိမှာစိုးလို့ ပြေးဝင်လိုက်တာ သိပါတယ် အဲ့ဒါကြောင့် မင်းလိုအပ်တဲ့ သွေးကို ပြန်လှုပေးခဲ့တာမလို့ ကျေပြီပဲ ထားလိုက်ပါတော့ အမှန်ဆို ကိုယ်လည်း မင်းကိုတွေ့လို့ ရန်ပွဲထဲ ပြေးဝင်လာခဲ့တာလေ"

စစ်နိုင်း၏ မျက်နှာပေးနှင့် လေသံကိုက ကိုယ်ကသာ အပြစ်မကင်းသည်သူလို့ လက်ညှိုးထိုး စွပ်စွဲချင်နေသော အရိပ်အယောင်များဖြင့်

"ဘယ်သူက ခင်ဗျားကို ပြေးဝင်ခိုင်းလို့လဲ ဘယ်သူကရော ကူပါကယ်ပါလို့ ပြောလိုက်မိလို့လဲ"

ဒေါန ပက်ကနဲ ပြန်ပြောတော့ ကိုမြတ်က ဒေါန၏ လက်မောင်းအား ဆွဲကာ အနောက်သို့ပို့ပြီးမှ...

"ဟုတ်ပါတယ် ဒေါက်တာရယ် လိုအပ်လို့နေရတာပဲ ကျွန်တော်တို့ နားလည်ပါတယ် ဒေါနက လူနာဆိုတော့ စိတ်မကြည်လို့ ပြောမိတာ ဗွေမယူပါနဲ့"

တကယ်ဆို ဒဏ်ရာက ကျတ်နေပါပြီ။ချုပ်ရိုးပျောက်မလို့ ချုပ်ရိုးက ပြန်ဖြည်စရာလည်း မလို။ဒါကိုပဲ ဆေးရုံမှာ ၇ရက်ပြည့်အောင် နေရမယ်ဆိုတာကြောင့် ဒေါန စိတ်မရှည်နိုင် ဖြစ်နေရတာဖြစ်သည်။နဂိုထဲက ခြေရှည်လမ်းသလားတက်တဲ့ သူမျိုးမလို့ ဆေးရုံမှာ နေရတဲ့ ၅ရက်က ၅နှစ်လောက် အချုပ်ကျနေသလို ဖြစ်နေလေသည်။

Green Eye(complete)Where stories live. Discover now