"အခုထဲက တစ်ယောက်သဘော တစ်ယောက်သိရအောင် ရှင်းရှင်းလင်းလင်း ပြောထားတာ ပိုကောင်းမယ်ထင်တယ်.."
ရွှေစင်မြသားက သေချာပုံဖော် အလှဆင်ထားသော လက်ချောင်းသွယ်လေးများအား ဖြန့်လိုက်ဆုပ်လိုက်ဖြင့် ခပ်စီးစီးလေသံဖြင့် ဟန်ပါပါ ပြောလေသည်။သူ့ကိုယ်သူ သား သားလို့ နာမ်စာသုံး ထည့်ထည့်ပြောတက်တဲ့ ၁၈နှစ်စွန်းစွန်းသာ ရှိသေးတဲ့ အနှီးကလေးမဟာ အတော်လေးတော့ စီးစီးပိုးပိုး နိုင်လေသည်။မိုးကုတ်ကျောက်တွင်းသူဋ္ဌေး ဘွားစိန်ဥရဲ့ တစ်ဦးတည်းသောမြေး ဆိုတော့လည်း ဒီလောက်တော့ ရှိမပေါ့။ဥစ္စာလည်းပေါသလို ရုပ်ရည်ကလည်း ပြစ်မျိုးမှဲ့မထင်ဆိုတော့ မာနတွေခေါင်ခိုက်နေတာ မဆန်း။
"သားကတော့ အခုထဲက အားလုံးရှင်းလင်းအောင် ပြောထားချင်တာ အဓိကကတော့ သားကိုချုယ်ချယ်တာမျိုး လုံးဝမကြိုက်ဘူး ငါယူထားတဲ့ မိန်းမ ငါ့အမိန့်ကို နာခံရမယ်ဆိုတာမျိုးတွေကို သားလုံးဝလက်မခံဘူး.."
ပြောရင်းဖြင့် ရွှေစင်မြသားက ပြိုကျလာသော ဆံနွယ်တို့အား ကျောဖက်သို့ ဟန်ပါပါ ပို့လိုက်ပြီးမှ...
"ဘွားဘွားရဲ့ ဆန္ဒအရဆိုပေမဲ့လည်း ရှင်က သားနဲ့ လိုက်ဖက်ညီနိုင်တဲ့သူမလို့ လက်ခံခဲ့တာမျိုးပဲ.."
!လိုက်ဖက်ညီနိုင်တာမလို့ လက်ခံခဲ့တာတဲ့လား!
ရွှေစင်မြသား၏ စကားကြောင့် စစ်နိုင်း၏ မျက်ခုံးတို့ ပင့်တက်သွားရတော့သည်။သောက်လက်စ ကော်ဖီခွက်ကို ပြန်ချ၍ နှုတ်ခမ်းတို့အား ခပ်တွန့်တွန့်ကွေး၍ ပြုံးလိုက်ပြီးတော့မှ...
"ကိုယ်ကတော့ လိုက်ဖက်ညီနိုင်မယ် မထင်ဘူး..."
"ဘာရယ်..."
စစ်နိုင်း၏ စကားကြောင့် ရွှေစင်မြသား၏ မျက်ခုံးလေးတွေ တွန့်ကွေးသွားရတော့သည်။
"ဟုတ်တယ် ကိုယ်ဖက်ကတော့ မင်းလိုမျိုး ရှေ့ဆက်ကြဖို့ ဘာညာဆိုတဲ့ အတွေးမျိုးတွေလည်း မတွေးထားမိတော့ ကိုယ့်ဆီမှာ ရှင်းလင်းစရာတွေတော့ ရှိမနေဘူး.."
"ဘာရှင့် ရှင်ဘာစကားပြောတာလဲ..."
ရွှေစင်မြသား မျက်နှာလေးပျက်ကျသွားကာ လေသံကခပ်ဆတ်ဆတ် ဖြစ်လာတော့ စစ်နိုင်း ပခုံးကို ဟန်ပါပါတွန့်ပြီးတော့မှ...
YOU ARE READING
Green Eye(complete)
General Fiction!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အမှန်တော့ မင်းက က်ိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ...! ...