ေက်းဇူးတင္လႊာ

30.9K 1.9K 72
                                    

Green Eyeေလးက 4လဆိုတဲ့ ကာလအတြင္းမွာ သပ္သပ္ရပ္ရပ္ေလးနဲ႔ၿပီးဆံုးခဲ့ပါၿပီ။အမွန္အတိုင္း ေျပာရရင္ GEက ကိုယ့္အတြက္ အေတာ္ေလးကို စိန္ေခၚမႈမ်ားခဲ့တဲ့plotပါ။ကိုယ္မကြၽမ္းက်င္တဲ့ဇာတ္တစ္ခုပဲ။ခရီးမ်ားအဆံုးထိေလ်ွာက္နဲ႔ မတူကြဲထြက္ေနတဲ့ပံုစံမ်ိဳးကိုပဲ ေရးခ်င္တာမို႔လို႔ ႀကိဳးစားၾကည့္ခဲ့တာမ်ိဳးပဲ။ပထမဦးဆံုး မကြၽမ္းက်င္တဲ့typeမို႔လို႔ GEဟာ လိုအပ္ခ်က္ေတြလည္း ရွိေနဆဲပါ။ကိုယ့္ရဲ႕ လိုအပ္ခ်က္ေတြကို နားလည္လက္ခံၿပီး ခ်စ္ေပးခဲ့ၾကတဲ့ စာဖတ္သူေတြကို တကယ္လည္း အားနာရပါတယ္။တခါတေလလည္း ငါမလုပ္နိုင္ဘူး ရပ္လိုက္ေတာ့မယ္လို႔ ေတြးခဲ့မိတဲ့အထိပဲ။တစ္ေလ်ွာက္လံုးမွာ စိတ္အပင္ပန္းဆံုးဆိုတဲ့ အခ်ိန္ေတြ ေတာ္ေတာ္မ်ားမ်ားက္ု္ိလည္း ႄကံဳခဲ့ရတယ္။

အဲ့လိုစိတ္ဓာတ္ေတြက်လာရင္ ေရွ႕ဆက္ဖို႔အတြက္ ဝိုင္းအားေပးခဲ့ၾကတဲ့ အမေတြကို တကယ္ေက်းဇူးတင္ပါတယ္။updateကို ဓားမိုးေတာင္းၿပီး အပ်င္းမခိုနိုင္ေအာင္ ဆူလိုက္ေငါက္လိုက္နဲ႔ လိုအပ္တာေတြ ေထာက္ျပေျပာျပၿပီး အားေပးၾကမ္းခဲ့တဲ့ အမႀကီးနွစ္ေယာက္ကိုလည္း တကယ္ေက်းဇူးတင္ပါတယ္။ၿပီးေတာ့ ongoingအတူလိုက္ၿပီး ဘယ္ေလာက္ပဲ ေလာင္ေနရပါေစ လႊတ္မခ်သြားခဲ့တဲ့ ဗီတာမင္ေလးေတြကိုေတာ့ ေက်းဇူးအတင္ဆံုးပါပဲ။Gpေတြထဲ ေစ်းဗန္းေတြရွယ္ခင္းၾက ခ်စ္ေပးၾက ေနရာေပးၾကတဲ့သူေတြေရာ အခ်ိန္ေပးဖတ္ရႈၿပီးေတာ့ တကူးတကreviewေရးေပးခဲ့ၾကတဲ့ review page adminမ်ားက္ု္ိုေရာ တကယ္ကိုရင္ထဲမွာ မွတ္သားထားၿပီး ေက်းဇူးတင္ရပါတယ္။ဒီေန႔ ဒီအခ်ိန္မွာ ဒီလိုမ်ိဳး ေအာင္ေအာင္ျမင္ျမင္နဲ႔ အဆံုးထ္ိဆက္သြားနိုင္ခဲ့တာဟာ ဗီတာမင္ေလးတို႔ေၾကာင့္ပါ။ဗီတာမင္ေလးေတြရဲ႕ ေပးခဲ့တဲ့ေမတၲာတရားေတြေၾကာင့္သာ ေရွ႕ဆက္နိုင္ခဲ့တာပါ။

အားလံုးရဲ႕ ခ်စ္ခင္မႈ ေနရာေပးမႈေတြေၾကာင့္ ေနာက္ထပ္ေျခလွမ္းေတြ ထပ္စဖို႔အတြက္ ယံုၾကည္ခ်က္ေတြလည္း တကယ္ရခဲ့ရပါတယ္။
လားဖန္းက္ု္ိေရာ လားဖန္းရဲ႕ကေလးေတြကိုေရာ ေနရာေပးခ်စ္ခင္ေပးခဲ့ၾကတဲ့ တစ္ဦးတစ္ေယာက္စီတိုင္းကို တကယ္က္ု္ိ ေက်းဇူးတင္ရပါတယ္။ေနာက္ထပ္ မတူညီတဲ့ ဖန္တီးမႈ အသစ္အသစ္ေတြကိုလည္း ဒီထက္ေကာင္းမြန္ျပည့္စံုစြာ ခ်ျပနိုင္ေစဖို႔ အခ်ိန္ေပးၿပီး ႀကိဳးစားသြားမွာမို႔လို႔ ထပ္ၿပီးအတူတူရွိေပးၾကဖို႔ ေမ်ွာ္လင့္ပါတယ္ရွင့္...။

ခ်စ္တဲ့
Lah Phan

Unicode

Green Eyeလေးက 4လဆိုတဲ့ ကာလအတွင်းမှာ သပ်သပ်ရပ်ရပ်လေးနဲ့ပြီးဆုံးခဲ့ပါပြီ။အမှန်အတိုင်း ပြောရရင် GEက ကိုယ့်အတွက် အတော်လေးကို စိန်ခေါ်မှုများခဲ့တဲ့plotပါ။ကိုယ်မကျွမ်းကျင်တဲ့ဇာတ်တစ်ခုပဲ။ခရီးများအဆုံးထိလျှောက်နဲ့ မတူကွဲထွက်နေတဲ့ပုံစံမျိုးကိုပဲ ရေးချင်တာမို့လို့ ကြိုးစားကြည့်ခဲ့တာမျိုးပဲ။ပထမဦးဆုံး မကျွမ်းကျင်တဲ့typeမို့လို့ GEဟာ လိုအပ်ချက်တွေလည်း ရှိနေဆဲပါ။ကိုယ့်ရဲ့ လိုအပ်ချက်တွေကို နားလည်လက်ခံပြီး ချစ်ပေးခဲ့ကြတဲ့ စာဖတ်သူတွေကို တကယ်လည်း အားနာရပါတယ်။တခါတလေလည်း ငါမလုပ်နိုင်ဘူး ရပ်လိုက်တော့မယ်လို့ တွေးခဲ့မိတဲ့အထိပဲ။တစ်လျှောက်လုံးမှာ စိတ်အပင်ပန်းဆုံးဆိုတဲ့ အချိန်တွေ တော်တော်များများက်ိုလည်း ကြုံခဲ့ရတယ်။

အဲ့လိုစိတ်ဓာတ်တွေကျလာရင် ရှေ့ဆက်ဖို့အတွက် ဝိုင်းအားပေးခဲ့ကြတဲ့ အမတွေကို တကယ်ကျေးဇူးတင်ပါတယ်။updateကို ဓားမိုးတောင်းပြီး အပျင်းမခိုနိုင်အောင် ဆူလိုက်ငေါက်လိုက်နဲ့ လိုအပ်တာတွေ ထောက်ပြပြောပြပြီး အားပေးကြမ်းခဲ့တဲ့ အမကြီးနှစ်ယောက်ကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ပြီးတော့ ongoingအတူလိုက်ပြီး ဘယ်လောက်ပဲ လောင်နေရပါစေ လွှတ်မချသွားခဲ့တဲ့ ဗီတာမင်လေးတွေကိုတော့ ကျေးဇူးအတင်ဆုံးပါပဲ။Gpတွေထဲ ဈေးဗန်းတွေရှယ်ခင်းကြ ချစ်ပေးကြ နေရာပေးကြတဲ့သူတွေရော အချိန်ပေးဖတ်ရှုပြီးတော့ တကူးတကreviewရေးပေးခဲ့ကြတဲ့ review page adminများက်ိုုရော တကယ်ကိုရင်ထဲမှာ မှတ်သားထားပြီး ကျေးဇူးတင်ရပါတယ်။ဒီနေ့ ဒီအချိန်မှာ ဒီလိုမျိုး အောင်အောင်မြင်မြင်နဲ့ အဆုံးထိဆက်သွားနိုင်ခဲ့တာဟာ ဗီတာမင်လေးတို့ကြောင့်ပါ။ဗီတာမင်လေးတွေရဲ့ ပေးခဲ့တဲ့မေတ္တာတရားတွေကြောင့်သာ ရှေ့ဆက်နိုင်ခဲ့တာပါ။

အားလုံးရဲ့ ချစ်ခင်မှု နေရာပေးမှုတွေကြောင့် နောက်ထပ်ခြေလှမ်းတွေ ထပ်စဖို့အတွက် ယုံကြည်ချက်တွေလည်း တကယ်ရခဲ့ရပါတယ်။
လားဖန်းက်ိုရော လားဖန်းရဲ့ကလေးတွေကိုရော နေရာပေးချစ်ခင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို တကယ်က်ို ကျေးဇူးတင်ရပါတယ်။နောက်ထပ် မတူညီတဲ့ ဖန်တီးမှု အသစ်အသစ်တွေကိုလည်း ဒီထက်ကောင်းမွန်ပြည့်စုံစွာ ချပြနိုင်စေဖို့ အချိန်ပေးပြီး ကြိုးစားသွားမှာမို့လို့ ထပ်ပြီးအတူတူရှိပေးကြဖို့ မျှော်လင့်ပါတယ်ရှင့်...။

ချစ်တဲ့
Lah Phan

Green Eye(complete)Where stories live. Discover now