"နေ့လည်စာ ရောက်ပြီလား ကိုကို..."
"အခုပဲ လာပို့သွားတယ် ဒုက္ခရှာလို့ ညီရယ် နောက်ဆိုရင် တကူးတကတွေ မလုပ်ပါနဲ့..."
"တကူးတက ဘယ်ဟုတ်ပါ့မလဲ ကိုကို့ရဲ့ မနက်က ကြီးပုက ငါးရံ့အူတွေ ဝယ်ခဲ့တော့ ကိုကိုကြိုက်တက်တာ သတိရလို့လေ.."
ရှင်းခန့်က ပြောတော့ စစ်နိုင်း ဖုန်းကို ဘက်ပြောင်းကိုင်ရင်းဖြင့် မှန်တံခါးအနီးသို့ ရည်ရွယ်ချက် မရှိဘဲ လျှောက်လာခဲ့လိုက်တော့သည်။အရင်ရက်တွေကဆို ရှင်းခန့်က နေ့လည်စာချိန်အမှီ ဆိုင်ကနေ ပေါက်ချလာတက်သည်။ဒီနေ့တော့ အလုပ်နည်းနည်းများ၍ နေ့လည်စာ အတူ မစားနိုင်တော့ဟုဆိုကာ စစ်နိုင်းအတွက် နေ့လည်စာ ထမင်းချိုင့်ကို ဆေးရုံသို့အရောက် စီစဉ် ပို့ဆောင်ပေးလေသည်။
"ကိုယ်က ဆေးရုံ ကန်တင်းမှာစားလည်း ဖြစ်ပါတယ် ညီရယ် နောက်ဆို တကူးတကတွေ မလုပ်နဲ့ ဝန်ပိုတယ်.."
စစ်နိုင်းပြောတော့....
"ကိုကိုကနော် စေတနာနဲ့ စားစေချင်လို့ ပို့ပေးတာကို လူကို စိတ်မကောင်းအောင် ပြောပြန်ပြီ"
ဖုန်းထဲကနေ ထွက်လာတဲ့ အသံဖျော့ဖျော့လေးအရ ရှင်းခန့်တို့ နှုတ်ခမ်းလေးတွေ စုလုံးကာ မျက်မှောင်လေး တွန့်နေတော့မှာကို စစ်နိုင်း တွေးမိလိုက်ပြီးမှ ပြုံးမိကာ....
"ဟုတ်ပါပြီကွာ ကိုယ်က ကိုယ့်အတွက်နဲ့ ညီအလုပ်ရှုပ်မှာ စိုးတာပါ.."
"ရှုပ်စရာလား ဖုန်းလေးဆက်ပြီး ညွှန်ကြားယုံလေးကို..."
ဖုန်းထဲမှ စူပွပွ ကလေးဆန်ဆန် အသံလေးကြောင့် စစ်နိုင်း မျက်နှာမှာ နူးညံ့ခြင်းအရိပ်တွေ မစဲတော့။ရှင်းခန့်က ဟိုးငယ်ငယ်လေးထဲက နူးညံ့အေးဆေးတဲ့ ကောင်လေး။ယခု အသက်၂၄စွန်းစွန်းမှာ ကိုယ်တိုင်ကိုယ်ကျ လုပ်ငန်းတွေကို ဦးစီးဦးရွက် ပြုနေတာတောင်မှ မာန်တွေမာနတွေဖြင့် ထည်နေတာမျိုးမရှိ။ဟိုးယခင်ကအတိုင်း အေးအေးဆေးဆေးသာ။သူ့ကိုဆိုလည်း ငယ်စဉ်တုန်းကအတိုင်း ခင်တွယ်နေတက်တာ အပြောင်းအလဲမရှိ။
အပြောင်းအလဲ မရှိဘူးဆိုလို့ မဆီမဆိုင် စူးရဲရန်လိုနေတက်တဲ့ အစိမ်းရောင် မျက်ဝန်းတွေကို ဖြတ်ကနဲ သတိရမိသေးသည်။ဒေါနလည်း ဘာများပြောင်းလဲလို့လဲ။ငယ်ငယ်တုန်းကလိုမျိုး ယခုအချိန်အထိ ရန်လို ရိုင်းစိုင်းနေဆဲပဲကို။
YOU ARE READING
Green Eye(complete)
General Fiction!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အမှန်တော့ မင်းက က်ိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ...! ...