စစ်နိုင်း ပြောရင်းဖြင့် လက်ထဲမှ ဆေးဘူးအား ပြန်ချပြီးမှ....

"တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးတဲ့ မင်းအခု ကိုယ့်အနားမှာ ၃လကျော်လောက် နီးစပ်နေပြီးတော့ ကိုယ်လည်းဒီလောက် ဆုံးမပြောပြနေရဲ့သားနဲ့ ဘာဖြစ်လို့ ကိုယ့်လိုမျိုး မလိမ်မာလာရတာလဲ"

စစ်နိုင်းက စကားပုံတွေ ထည့်ညှပ်ရင်း ပြောတော့ ဒေါန ခပ်ချဉ်ချဉ် မဲ့ပြီးတော့မှ....

"ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့..အားနေရင် တချိန်လုံး ဂုဏ်ဖော်နေတဲ့ ခင်ဗျားလိုမသူတော်ကြီးရဲ့ အကျင့်တွေကို ကျွန်တော်က ဘာကိစ္စနဲ့ ပုံတူကူးချရမှာလဲ အ့..!"

ဒေါန၏ စကားကြောင့် စစ်နိုင်း အမြင်ကပ်ကပ်ဖြင့် အားအနည်းငယ်သုံး၍ ဒဏ်ရာအား ဖိချလိုက်တော့ ဒေါန အားကနဲ ထအော်လေတော့သည်။

"ကောင်းစေချင်လို့ ပြောနေတာကို ဘာကို ဂုဏ်ဖော်တာလဲ..."

"ကျွန်တော်ကရော ဆိုးနေလို့လား..."

"မဆိုးပါဘူး မဆိုးပါဘူး မလိမ်မာတာလေး တစ်ခုပဲ.."

စစ်နိုင်းပြောတော့ ဒေါနက ဂျိုကြည့်ကြည့်ကာဖြင့် မျက်နှာကို တဖက်သို့ လှည့်သွားသောကြောင့် မေးဖျားလေးအား ပြန်ဆွဲလှည့်ကာဖြင့် မျက်လုံးအောက်နား ပါးပြင်ပေါ်မှ ဒဏ်ရာအား ဆေးဖြင့် အသာအယာ တို့သုတ်လိမ်းပေးပြီးတော့မှ....

"ရန်များတာ ကောင်းတဲ့အလုပ်မှ မဟုတ်တာ ကိုယ်ကဦးအောင်ဆော်ခဲ့တာ ဆိုပေမဲ့ သူများက ကိုယ့်ကို ရန်ငြှိုးထားပြီး အခွင့်ကြုံရင် အကောက်မကြံဘူးလ်ို့ ပြောနိုင်လား.."

"ကြောက်မနေဘူး..."

မျက်ခုံးလေးတွေ တွန့်ချိုး၍ မျက်လွှာချကာ နှုတ်ခမ်းကို လုံးချွန်နေအောင် ဂျစ်ဂျစ် ပြန်ပြောနေပုံလေးက စစ်နိုင်း၏မျက်လုံးထဲမှာတော့ အူယားစရာလေး ဖြစ်နေလို့နေလေသည်။ဝင်သက်ထွက်တို့ နီးကပ်လောက်အောင် မျက်နှာချင်းကလည်း နီးကပ်လို့ နေတာမလို့ ခံစားချက်တို့က ရင်ထဲမှာ ယားကျိကျိဖြင့် ကလိကလိဖြစ်လာရတော့သည်။စစ်နိုင်းက ဒေါန၏ မေးဖျားလေးအား ပင့်မော့ယူ၍ မျက်ဝန်းချင်း ဆုံအောင်ကြည့်ပြီးတော့မှ....

Green Eye(complete)Where stories live. Discover now