ဇိမ်ခံမှန်လုံကားကြီးတစ်စီးနှင့် ပန်းပွင့်များနှင့် အရမ်းမိမိုက်နေသော ကောင်လေးတစ်ယောက်။

“ အဲ့ဒါ ယဲ့ဖုန်းပဲ။ စီအီးအိုလျှို၊ ရှင် သူနဲ့ အဆက်အသွယ်ရှိနေသေးတာလား။ ကျွန်မကို နေရာတကာ ဝင်ပါနေတယ်လို့တော့ မထင်ပါနဲ့။ ရှင်က ယဲ့ဖုန်းနဲ့ မတန်ဘူး။ အဲ့ဒီယဲ့ဖုန်းဆိုတဲ့ကောင်က တဏှာရူးပြီး အကျင့်ပျက်နေတဲ့ကောင် ဆိုတာ သိသာတယ် ” ဟု ဟန်ရှောင်က ဝေဖန်သည်။

ယဲ့ဖုန်းတစ်ယောက် လျန့်ချန်းနှင့်အကြိမ်ကြိမ် ပရောပရည်လုပ်နေသည်ကို သူမ တွေ့ခဲ့ဖူးသည်။ ထို့အပြင် စီအီးအိုလျှိုကို ပြောပြခဲ့သော်လည်း စီအီးအိုကိုယ်တိုင် မြင်လိုက်ရမှသာ ယုံသွားခဲ့ခြင်းဖြစ်သည်။ ယခုတော့ သူမ၏စီအီးအိုလျှိုအား ဤအပျော်လင်လေးကြောင့် အသိတရားမမဲ့စေချင်တော့ပေ။

အောက်ထပ်မှ ယဲ့ဖုန်းက သူ ရှီရှန်းကို တွေ့လိုက်သည် ထင်ကာ သူမကို လက်ယမ်းပြသည်။ ထိုမျက်နှာသည် စွဲမက်ဖွယ်ကောင်းတဲ့ နှင်းဆီပန်းတွေနဲ့ လုံးဝကို အပျော်လင်လေးတစ်ယောက်လိုပင်။
  
ထိုသူသည် ချောမောသည့် အသွင်အပြင်ရှိသော်လည်း ငွေဇွန်းကိုက်ကာ မွေးဖွားလာခဲ့သူတစ်ဦးကဲ့သို့  လွှမ်းမိုးနိုင်မှုနှင့် ဂုဏ်သိက္ခာရှိသည့် ကိုယ်နှုတ်အမူအယာတို့ မရှိပေ။ အကယ်၍ သူအား ချမ်းသာကြွယ်ဝကာ အင်အားကြီးသူများထဲတွင် ထည့်ထားခဲ့ပါက သူသည် မိနစ်ပိုင်းအတွင်း နင်းခြေခံရပြီး  မိသားစုကိုတောင် သည်းမခံနိုင်ဘဲ အိမ်မှထွက်ပြေးမည့် အမျိုးအစားဖြစ်သည်။

သူ၌ ထိုကဲ့သို့ ကိုယ်နှုတ်အမူအယာမျိုးရှိခဲ့လျှင်ပင် ချမ်းသာသူတို့နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
ပြီးတော့ အဲ့လိုကောင်စားက ငါ့ကို ပိုးပန်းရဲသေးတယ်ပေါ့လေ. . . အရမ်းသတ္တိရှိနေတာ မဟုတ်ဘူးလား!!

ရှီရှန်း နောက်ပြန်လှည့်လာသောကြောင့် ဟန်ရှောင်လည်း သူမကို စိတ်ရှုပ်စွာ လိုက်ကြည့်နေမိသည်။
ရှီရှန်း ပြန်ရောက်လာသောအခါ သူမသည် ရေဇလားတစ်ခုကို ကိုင်ထားလေသည်။ အထဲ၌ရှိသည်မှာ အတိုင်းအတာတစ်ခုအထိ ပူနေသော ရေပူဖြစ်သည်။ သူမ ချက်ပြုတ်ရန်အတွက် တည်ထားခဲ့သော ရေဖြစ်နိုင်သည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Wo Geschichten leben. Entdecke jetzt