ယန္တရာရှေ့က လူသားက မိမိကို ဒေါသတကြီးနှင့် အခြောက်ဟုပြောသော်လည်း မိမိမှာ ဘယ်လိုမှမခံစားရ။ လက်သီးချက်ပေါင်းများစွာကလည်း တစ်စုံတစ်ရာ နာကျင်ခြင်းမရှိ။ ဒီလူသားကို ပိုင်ဆိုင်ချင်သည့်စိတ်ကြောင့် အခြောက်ဟု ဆိုချင်သည်လည်း ဆိုအသားနာ၍ သေချင်လဲ သေပါစေတော့ ဘယ်လိုဖြစ်ဖြစ် ခံနိုင်သည်။ ခုက...

......ဗုန်း.......

"ကောင်လေး"

"Boss Boss..... "

"ကောင်လေး...."

"ခင်ဗျား ဆရာဝန်တစ်ယောက်လုပ်နေပြီး လူနာကို ဘယ်လိုဆက်ဆံလိုက်တာလဲ ခင်ဗျားလုပ်လိုက်တဲ့သူက ဘယ်သူလဲဆိုတာ သိလား ခင်ဗျားဗျာ လူပုံစံလေးနဲ့မှမလိုက်"

မဟာ မျက်စိရှေ့က မြင်ကွင်းကြောင့် ခြေလှမ်းတွေက မခိုင်းစေရပါပဲ ကောင်လေးဆီ ရွေ့သွားသည်။ ဆေးထိုးအပ်တမ်းလန်းနှင့် ကိုယ်နောက်ပြေးလိုက်လာသည့်အဖြစ်ကို ခုမှသတိရသည်။

"ကိုနောင်ဦး အထဲထိ ပွေ့ခေါ်ခဲ့ပါ"

"မလို​တော့ဘူး ဒေါက်တာ...ရန်ကုန်ပဲ ပြန်ခေါ်သွားတော့မယ်"

"ငါက ပွေ့ဆိုပွေ့လိုက် မင်းရဲ့Boss အသက်ပျောက်တာမမြင်ချင်ရင်"

"ဒီမှာ ခင်ဗျားက ဒေါက်တာတယောက်မို့ လေးစားပြီးသားပါ ဒါပေမဲ့ ခုဏလုပ်ရပ်ကြောင့် ခင်ဗျားကိုမယုံတော့ဘူး "

"ခေါ်မသွားနဲ့ ...ထားခဲ့ သူ့အကြောင်း ငါပိုသိတယ်"

ကောင်လေးကို ပွေ့ချီကာ ပြေးလွှားသွားတဲ့ ခြေလှမ်းတွေက မဟာလိုက်လို့မမှီနိုင်။ ပြေးရင်းမှ နောက်လှည့်ကာ ပြောသွားသည့်စကားကြောင့် မိမိခြေအစုံကို တိခနဲ ရပ်ပစ်လိုက်သည်။

"ဪ နောက်ပြီးခင်ဗျားသိထားဖို့က ကျွန်တော်က Boss လို ငြိမ်ခံနေမဲ့ ကောင်မဟုတ်ဘူး ၊ Boss ကို တိုက်ခိုက်လာတဲ့လူမှန်သမျှကို အသက်ချင်းလဲပစ်လိုက်မှာ"

Boss ကို အိပ်ယာထက်ဆီ ငြင်သာစွာချပေးလိုက်သည်။ ပြီးမှ အပ်ကိုဆွဲထုတ်ကာ ဆေးထည့်ပေးလိုက်သည်။ Boss ရဲ့ ခေါင်းအစခြေအဆုံး တစ်ချက်ကြည့်လိုက်သည်။ Boss က အသက်ငယ်ပေမဲ့ ရင်ကျက်နေတဲ့လူကြီးလေးလိုပါ။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now