ST-39

2.2K 95 19
                                    

Unicode

နွေ... သစ်ပင်အိုတို့ ရိုးတံပြိုင်းပြိုင်း အကျည်းတန်နေချိန်မှာ ရော်ဝါရွက်များနှင့်အတူ ဥသြလေးကို မှာတမ်းခြွေချင်ပါရဲ့.......

မိုး...သက်တန့်​ရောင်စဥ်တို့ တိမ်ညိုရှိုက်နေချိန်မှာ မိုးပေါက်မျက်ရည် စက်များနှင့် အတူ လေပြင်းလေးကို မှာတမ်းခြွေချင်ပါရဲ့......

ဆောင်း...သဇင်ဖူးငုံ​ဖြူဖြူတို့ မြောက် လေရူး လွင့်နေချိန်မှာ နှင်းပုလဲပွင့်လေးများနှင့်အတူ နေခြည်နုနုလေးကို မှာတမ်းခြွေချင်ပါရဲ့....

နွေ မိုး ဆောင်း သုံးရာသီအလီလီ ပြောင်းလဲ သွားပေမဲ့ ခုချိန်ထိ မျှော်လင့်နေရဆဲပါ ကောင်လေးရေ....

အနဂ္ဃမဟာရဲ့ ကမ္ဘာကြီးထဲက ဇေယန္တရာထူးခန့်ဆိုတဲ့ ကောင်လေး ထွက်ပြေးသွားခဲ့တာ ငါးနှစ်ခန့်ရှိခဲ့ပြီ။

အဲဒိနေ့အဲဒိအချိန်ကာလ ကမိမိမွေးနေ့မှာ နောက်ဆုံးမြင်တွေ့လိုက်ရတဲ့ စာလုံးမည်းမည်း တွေကို ခုချိန်ထိ မြင်ယောင်နေမိတုန်း။မဟာ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ပေမဲ့ မယုံကြည်နိုင်။ မိမိကို နှုတ်မဆက်ပဲ ထွက်ခွာသွားလိမ့်မယ်လို့ အဲ့ဒိအချိန်ကရော၊ ခုချိန်ထိတောင် မထင်မိ။တချိန်ချိန်မှာ သူပြန်လာလိမ့်မယ်ဆိုတာ တထစ်ချယုံကြည်ထားမိသည်။ မိမိကို ရူးသွပ်နေသည်ဟု အများတကာက ဆိုစေဦးတော့ မျှော်လင့်နေဦးမှာ။

ပိုနေရင် မသိသာ၊ လိုနေရင် ဟာတာတာ ဆိုတဲ့စကားပုံလိုပါပဲ။ မဟာ့ ဘဝထဲကို သူဝင်ရောက်လာတာ မသိသာခဲ့ပေမဲ့ သူထွက်သွားတော့ မဟာ့ဘဝ ကြီးကလေဟာနယ်တခုလို။

အရင်ချိန်က သတိမထားမိခဲ့တဲ့ သူရဲ့အပြုံးချိုချိုတွေ၊ အခက်ခဲမှန်သမျှ ကို ကူညီပေး ​ခဲ့တဲ့ သူ့ရဲ့ စေတနာသန့်သန့်တွေ၊အသေးအဖွဲလေးကမှအစ လိုက်လုပ်ပေးခဲ့တဲ့ သူ့ရဲ့ဂရုစိုက်မှုတွေ၊ထိခိုက်မှု ရှိရင် စိတ်ပူပေးခဲ့တဲ့ သူ့ရဲ့ကြင်နာယုယမှုတွေ၊ အလိုမကျမှုမှန်သမျှ မငြိုငြင်ခဲ့ပဲ သည်းခံပေးခဲ့မှုတွေ၊ နောက်ဆုံး ထွက်ခွာသွားသည့်တိုင် ချန်ရစ်ခဲ့သည့် အဖိုးတန်ရတနာတွေ။

သူ့ကိုသူမောင်လို့ သုံးလိုက်တိုင်း ကြည်နူးခဲ့ ရတဲ့ အချိန်တွေ၊ ဃဃလေးရေ လို့ခေါ်တိုင်း ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေ၊ခြေကျင်းဝတ်က အမာရွတ်လေးကို နမ်းရိုက်တဲ့ အခါတိုင်း ရင်ခုန်ခဲ့ရတဲ့ အချိန်တွေက ခုများတော့ ဗလာနတ္တိ။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now