ST-10

1.9K 92 4
                                    


Unicode

AT 5:00AM

ယန္တရာ ညကအိပ်မက်ထဲမှာ ကလေးလေးနှင့် တွေသည်။ ကိုယ့်ကိုပြုံးကြည့်ရင်း "ကို့ကို့ ကိုသတိရနေတာတဲ့"လေ။

**ဘယ်ဘုရားတွေ တန်းခိုးကြီးသလဲ?ပြောပြပေးပါလား ပြန်ဆုံနိုင်ဖို့အတွက်
ဆုတောင်းချင်လို့ပါ**

လမ်းလျှောက်ဖို့ ပြင်ရမည်။ ခုနောက်ပိုင်း လမ်းထလျှောက်တာနဲ့ Gym ကို မနက်တိုင်းဆော့ဖြစ်နေတာပါ ခုဆို ယန္တရာက နှစ်ဆယ်ပြည့်တော့မှာလေ။ ရင့်ကျက်တဲ့အခြေနေထိ မရောက်သေးပေမဲ့ ကြိုးစားရမည်။

ဒီနေ့ သန်လျင်ဘက်ကို မြေကွက်သွားကြည့်ရမည်။ ပြီးရင် မမလေးကိုသွားကြိုရမည်။ ယန္တရာက ခုဆို ပါးပါးရဲ့ showroomတွေကို တိုးချဲ့ပြီး မမကြီးကိုကူညီနိုင်ဖို့ medication နှင့်ပတ်သက်သော company တခုဖွင့် ဖို့ကြိုးစားနေတာပါ။

နောက်ပြီး မမလေးရဲ့Model Agency & Entertainment center အတွက် Building တွေကို ယန္တရာကိုယ်တိုင်စိတ်ကြိုက် plan ချပြီး လုပ်နေတာပါ။ သူငယ်ချင်းဖြစ်တဲ့ဆည်းဆာက အားပေးကူညီသူပေါ့ ။

ဆည်းဆာက မိန်းခလေးမပီသပေမဲ့ အတော်အတန်ခေတ်မှီတဲ့ မိန်းခလေးပါ။သွက်လက်ထက်မြက်ပြီး ဘာကိုမှဂရုမစိုက်တတ်တဲ့သူမျိုး၊ ကျနော့်လိုပေါ့ ။ကျနော်လည်းမိသားစုကလွဲရင် ကျန်တာ ခေါက်ထားလိုက် ကလေးလေးကတော့ခြွင်းချက်ပေါ့။

📳 မင်းရဲ့ မျက်လုံးလေးများကပုလဲနဲ့

မဟူရာ ပေါင်းစပ်ထားသလိုနှယ်

ကော့ညွှတ်သွယ် နှုတ်ခမ်းလေးများက

သိပ်လှအောင်ပတ္တမြားသွေးလိမ်းကာ

ခြယ်.......📳

ယန္တရာ အတွေးနယ်ချဲ့နေစဥ် ထမြည်လာသော ph သံကြောင့် တွေးလက်စတွေတောင် လေထဲလွင့်သွားသလို။

"Hello"

"ငါကွ အဏ္ဏဝါ"

"အေး ခွေးသားလေး ပြော"

"မင်းပထွေး အခု တောင်ကြီးသွားနေတယ်"

"လက်စနဲ့ ခြံကွက်စုံစမ်းခဲ့စမ်းပါ "

"မင်းက ဘာလုပ်ဖို့လဲ"

"နောက်တော့ သိရမှာပေါ့ကွာ "

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now