ST-36

1.5K 72 44
                                    

Unicode

မျက်နှာပေါ်ကျရောက်လာသည့် နေရောင်ခြည် ၏အလင်းရောင် ​ကြောင့် မဟာနိုးလာခဲ့သည်။ ညက ကောင်လေး၏ ဗီရိုကို နှံ့နှံ့စပ်အောင် ရှာသော်လည်း ဘာမှသဲလွန်စမတွေ့။ ကောင်လေးက မိမိမျှော်လင့်နေတဲ့ တယောက်သောသူ မဖြစ်နိုင်။

မဟာ့ ဗိုက်ထဲမှ အကောင်လေးများက ထကြွသောင်းကြမ်းလာပြီမို့ ငြိမ်အောင်ပြုလုပ်ရတော့မည်။မနက်စာ စောစော စားတတ်သည့်အကျင့်က ဒီကောင်လေးကြောင့် ဖြစ်လာတာ။ သူဖျက်စီးလို့ မဟာ့အကျင့်တွေအကုန် ပျက်စီးလာတာဖြစ် သည်။

ထမင်းဟင်းမချက်ချင်၊အခန်းသန့်ရှင်းရေးမလုပ်ချင်၊ အဝတ်ကိုယ်တိုင်မလျှော်ချင်၊ စားပြီးသားပန်းကန်မဆေးချင်၊ ကိုယ့်မျက်နှာကို တောင်ကိုယ်တိုင်မသစ်ချင်တော့သည်အထိ။ ဘယ်လောက်တောင် အကျင့်ပျက်လာသလဲဆိုရင် ထမင်းပန်းကန်ထဲမှ ထမင်းကိုပင် ကိုယ်တိုင် ဇွန်းနဲ့ကိုင် မစားချင်တော့။

ကျွှတ်.... ကျွှတ်

နားထင်ကိုလက်ဖြင့်ဖိကာ ညည်းမိသည်အထိ။ ညကအစောကြီး အိပ်ယာ ဝင်ခဲ့သည်ကို ဘယ်အတွက်ကြောင့် ခေါင်းကလာကိုက်ရသနည်း။အိပ်ရေးမဝလို့လည်း မဖြစ်တန်ရာ။ မနေ့ညက မေရီလာပေးသော နွားနို့ကို တဝကြီး သောက်ပြီး အိပ်ပစ်လိုက်တာပါ။ ပေးတဲ့သူက မေရီဖြစ်ပေမဲ့ ကျိုပေးတဲ့သူကတော့......။

ခုတလော ကောင်လေးကိုပဲ အမြဲမြင်တွေ့ချင်နေသည်။ သူ company သွားနေတဲ့ တနေ့လုံး အလုပ်မယ်မယ်ရရ မရှိပဲ သူ့ကိုပဲ သတိရနေမိသည်။ ဘာရယ်မဟုတ် သူ့ရင်ငွေ့နွေးနွေးကိုပဲ ခိုလုံနေချင်မိသည်။ သွေးသားဆန္ဒအရ မဟုတ်ပဲ ဒီအတိုင်း သူ့ခန္ဓာကိုယ်ကို ထိတွေ့ချင်နေမိသည်။ ကောင်လေးဆီမှ ရတဲ့ လဘက်စိမ်းနံ့လေးကို မဟာစွဲလမ်းနေပါပြီ။မိမိ​ဘေးမှ မွေ့ယာ၏ ခပ်​ နွေးနွေး အထိအတွေ့ ကြောင့် ဟိုကောင်လေး ထသွားတာ သိပ်မကြာသေးဘူးပေါ့။ ကောင်းမွန်ပြည့်စုံ သော နံနက်စာနှင့် အတူ ကောင်လေးက မဟာ့ကိုစောင့်ကြိုနေမှာ။ တွေးမိရုံဖြင့် မိမိနှုတ်ခမ်းတွေ ကွေးညွှတ်သွားသည်။

ချပ်......

အခန်းတံခါးတွန်းဖွင့်ပြီး အပြင်ကိုထွက်ခဲ့သည်။ အခန်းအပြင်ဘက်ရှိ ဧည့်ခန်းတွင် ကောင်လေးက မိမိကို ကျောပေးကာ laptop ကြည့်နေသည်။ ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းနေသလဲမသိ တံခါးဖွင့်သံတောင်မကြား။

"မျှော်လင့်မထားခဲ့သော" [ Completed ]Opowieści tętniące życiem. Odkryj je teraz