ST-11

1.6K 99 2
                                    


Unicode

မှုံတို့အိမ်ရောက်တော့ မိသားစုတွေ ကအိမ်ရှေ့ထွက် ကြိုနေကြသည်။မိသားစု ဆိုတဲ့ နွေးထွေးတဲ့ မေတ္တာကို မှုံမရရှိခဲ့တာ ကြာပြီလေ။

"ဖေ့ဖေ့သမီး မှုံလေးတောင် လူကြီးဖြစ်သွားပြီ"

"လာပါဦး သမီးမှုံရယ် မေမေကလွမ်းနေတာ ပင်ပန်းသွားရပြီမေမေ့သမီးလေး တာဝန်ကျေပါတယ်"

မားနှင့်မမလေးကဖက်၍ငိုတော့မမကြီးကပါ ဖက်၍ငိုနေလေသည်။Silver Group မိသားစုရဲ့ အလွမ်းသယ်ပွဲကြီးပမာ။ ယန္တရာလည်း မိမိအခန်းထဲသာဝင်ရတော့မည် ။ဒီအလွမ်းသည်ပွဲက နောက်တစ်နာရီတောင်ပြီးနိုင်မယ်မထင်။

! ဟူး.....ဒီနေ့ပင်ပန်း လိုက်တာကွာ!

သက်ပြင်းရှည်တချက် ချလိုက်ရင်းညည်းညူမိသည်။ ဘယ်လောက်တောင် ခန္ဓာကိုယ်က အနားယူချင်နေသည်မသိ ခေါင်းအုံးနဲ့ ခေါင်း ထိထိချင်း တမ်းအိပ်ပျော်သွားသည်။
-
-

မှုံ လည်းပြန်လာထဲက မာမီတို့နဲ့စကားပြောတာ ကြာသွားသည်။လုံးလုံးကို သေချာမနှုတ်ဆက်ရသေးပါ။ သူ့ကို ပ လစ်ထားသည်ထင်၍ ကောက်တော်မူနေဦးမည်။

ဒေါက်.......ဒေါက်.......ဒေါက် .......ဒေါက် ......ဒေါက်.....

"လုံးလုံးရေ"

လေးငါးချက် ခေါက်တာတောင် ပြန်ထူးသံမကြား ဒီကောင်လေးအိပ်သွားပြီထင်သည်။ အိပ်ပါစေလေ မနက်ကျမှ သေချာနှုတ်ဆက်တော့မည်။

မှုံလည်း ခရီးပန်းလို့ထင်သည် အရမ်းအိပ်ချင်နေပြီ ။လေးမှိုင်းဆီကိုပြန်ရောက်ကြောင်း phဆက်ရဦးမည်။ ဦးမောင်ကိုလည်း ph ဆက်ရဦးမည်။

မှုံနဲ့ဦးမောင်က Frenceမှာထဲကခင်ခဲ့တာပါ ။ဝါသနာတူမလို့ပေါင်းမိခြင်း။ ဦးမောင်အကြောင်းကို မှုံမသိသလို မှုံအကြောင်းကိုလည်း ဦးမောင်ကဘာမှမမေးပါ။ ဦးမောင်က အိမ်ထောင်ကျခဲ့ဖူးတာရယ် လူတယောက်ကို ရှာနေတာရယ် ဒါပဲမှုံသိသည်။

"လူကြီးမင်းခေါ်ဆိုသောphမှာ "

"ဟင် မကိုင်ဘူး"

ဦးမောင်ဆီဆက်တော့လူကြီးမင်းနှင့်တိူးနေသည်။ ပေးခဲ့တဲ့ph no ကမှားနေသလားပဲ။
=
-
-

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now