ST-40 (Ending)

5.4K 126 24
                                    

Unicode

မဟာ ဒီနေ့အစောကြီးထပြီး သားလေးအတွက် မနက်စာကိုပြင်ဆင်နေရသည်။ ဒီနေ့က ညလင်းလေး ကျောင်းဖွင့်သည့် နေ့ပါ။နံရံမှနာရီက 7:00ကို ညွှန်ပြနေသည်မို့ သားလေးကိုနှိုးရပေဦးမည်။ သားလေးက အိပ်ရေးသိပ်မက်တာ နှိုးလိုက်ရင်လည်း တမ်းမထပဲ ဂျစ်နေတာအကြာကြီး၊အဲ့လိုမှမဟုတ်ရင် သူ့အဘွားအခန်းထဲ သွားအိပ်နေတာ။သားက သူ့အဖေနဲ့ ဒီလိုနေရာမှာ မတူပြန်။
မောင်ဆို မနက်အစောကြီးထတာ။နောက်ပြီး မဟာ့အတွက် နံနက်စာပြင်ပေးပြီး အိပ်ယာတောင်အမြဲ နှိုးပေးခဲ့တာ။ သားလေးနဲ့ပတ်သက်တဲ့အရာတိုင်းက မောင်နဲ့လည်း သက်ဆိုင်နေတာမို့ပါ။ တကူးတက ကြီးမောင့်အကြောင်း တွေးနေစရာမလိုပဲ သူ့အလိုလို မဟာ့ခေါင်းထဲ ရောက်လာတာပါ။

**ဘယ်လောက်ပဲ အထီးကျန်နေပါစေ မောင့်အကြောင်းတွေးမိရုံ နဲ့ အရာရာဟာ ပြည့်စုံသွားတာပါပဲ**

မဟာ သားကို နှိုးရန် အပေါ်ထပ်သို့တက်လာလိုက်သည်။ မဟာ ဒီအိမ်လေးကို အခန်းအတွင်း Decoration အကုန်ပြောင်းလဲပစ်ခဲ့သည်။ မဟာတိို့အတူနေခဲ့တဲ့အခန်းကိုတော့ အရင်လို ပဲ ဘာမှပြောင်းလဲမှုမလုပ်ခဲ့။ ကျန်တဲ့ ဧည့်ခန်းနဲ့ စာကြည့်ခန်းကို တခန်းထဲပေါင်း ပြစ်လိုက်ပြီး ထိုအခန်းကို မဟာနှင့် သားလေးအိပ်ခန်းအဖြစ် လက်ရှိမှာ အသုံးပြုနေသည်။ အိမ်အောက်ထပ်က အခန်းမှာတော့ မာမီကနေသည်။ ကိုထွဋ်နဲ့အဏ္ဏဝါကတော့ ခြံချင်းကပ်ရက်က အိမ်ကို ဝယ်ယူခဲ့ပြီး အဲ့ဒိအိမ်မှာ အတူနေကြသည်။ မာမီကတော့ သူ့ Hotel မှန်သမျှ ကိုထွဋ်ကို အမွေပေးကာ သူကတော့ မြေးထိန်း တဲ့အလုပ်ကိုပဲ လုပ်သည်။ အဏ္ဏဝါ ကတော့ သူ့ရဲ့ Tourist Guide အလုပ်ကို မလုပ်တော့ပဲ သူ့ယောကျ်ားနောက်သာ တကောက်ကောက်လိုက်နေသည်။ အချိန်ရရင် ရသလို ညလင်းလေး ကိုပါထိန်းပေးသည်။ ကိုထွဋ်ကတော့ သူ့အိမ်မက်အတိုင်း  Chef တယောက် အနေနဲ့​ရော Hotel လုပ်ငန်းရှင် တ​စ်ယောက်အနေနဲ့ပါ အောင်မြင်နေပါပြီ။

အရာအားလုံးဟာ ဒီနှစ်တွေအတွင်းမှာ ပြောင်းလဲ သွားခဲ့ပေမဲ့ မပြောင်းလဲနိုင်သေးတာကတော့ မဟာတို့သားအဖ ပါ။ မိုးလင်းကနေ မိုးချုပ် မောင့်အကြောင်းတွေတွေးရင်း နေ့ရက်တွေကို ဖြတ်သန်းလာခဲ့တာပါ။ မောင်က တနေ့ မဟာတို့ဆီကို ပြန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ဘယ်သောအခါမှ လက်မလျှော့ခဲ့။ သားကတော့ သူ့အဖေ သေချာပေါက် ပြန်လာမယ်ဆိုတာသေချာ နေတဲ့အတိုင်းပဲ မဟာ့ကို နှစ်သိမ့်ပေးနေတာ။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now