ST-28

1.1K 67 4
                                    

Unicode

အား..........

"Boss ...Boss ဘာဖြစ်သွားသေးလဲ"

"ကျွန်တော် ဘာမှမဖြစ်ဘူး ကိုနောင်ဦး ကလေးကိုပဲ ဂရုစိုက်လိုက် လန့်သွားတယ်ထင်တယ် သူ့မိဘတွေဆီလိုက်ပို့ပေးလိုက်ပါ လိုအပ်တာတွေလည်း လုပ်ပေးလိုက်ပါ"

"Boss ဒဏ်ရာက သွေးထွက်လွန်နေပြီ"

ကိုနောင်ဦး သတိပေးမှ ယန္တရာ လက်မောင်းက ဒဏ်ရာဆီ အကြည့်ရောက်မိသည်။ ဟုတ်ပါသည်လေ အုတ်ခဲပြုတ်ကျသည့်အရှိန်က ပေါ့သေးသေးမဟုတ်။

ယန္တရာ ဆောက်လုပ်ရေး ဘက်စစ်ဆေးဖို့ ရောက်အလာမှာ ကလေးငယ်တစ်ဦးဆော့နေတာတွေ့ရသည်။

"ကောင်လေး ဒီနေရာမှမဆော့နဲ့ အန္တရယ်များတယ် "

"ဆော့မှာ"

"ဘာကွ"

"Boss အပေါ်မှာ"

ရုတ်တရက်ဆိုသလို အုတ်ခဲတစ်ခဲ ပြုတ်ကျလာသဖြင့် ထိုကလေးခေါင်းကိုကိုယ့် ခန္ဓာကိုယ်နှင့်အုပ်မိုးလိုက်ပြီး လှဲချလိုက်သည်။ထို့နောက် တစ်ခဲပြီးတခဲဆက်တိုက်ကျလာသဖြင့် ထိုနေရာမှ ရှောင်ထွက်လိုက်သည်။ ထိုသို့ရှောင်လိုက်တာတောင်မလွတ်လိုက် လက်မောင်းပေါ်အုတ်ခဲက ကျဖြစ်အောင်ကျသွားသေးသည်။ တိုက်အတွင်းမို့ ဆက်နေပါက အန္တရယ်ပိုများသည်လေ။

"ကိုနောင်ဦး ကလေးကိုလိုက်ပို့ပေးလိုက်ပါ""

အီးဟီး.....အူးဝါး.....မေမေရေ

ကလေးဆီက ရုတ်တရက် ထငိုသံကြောင့် ယန္တရာလန့်သွားမိသည်။ ဒီကလေး ခုဏ မိမိကို ကြောင်ကြည့်နေတာပါ။ ခုမှ အမေတကာ ငိုနေသည်။နောက်ပါးဆီမှ အမျိုးသမီးတယောက်၏ အသံကြောင့် ထငိုသည့်အဖြစ်ကို သဘောပေါက်သွားရသည်။ ကလေးတွေက သူတို့အားကိုးရာ တွေ့လျင် ပို ဝမ်းနည်းလွယ်ကြသည်ပဲ။

".ဒီက သူဌေးလေးကိုတောင်းပန်ပါတယ်ရှင် ကျမတူလေးက ငယ်သေးလို့ အပြစ်လုပ်မိတာပါ "

"မလိုပါဘူးဗျာ ဒီကလေးကြောင့်မဟုတ်ပါဘူး ကျွန့်တော့်အလုပ်သမားတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်သွားတာပါ၊ ကျွန်တော်ကပဲ အစ်မကြီးတို့ကိုတောင်းပန်ပါတယ် ဒီကိစ္စကို အားလုံးတာဝန်ယူပါ့မယ် ဒါနဲ့ ဒီကအစ်မကြီးက သူနဲ့ ဘယ်လိုပတ်သက်လဲ သူ့မိဘတွေဆီ လိုက်ပို့ပေးနိုင်မလား"

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now