ST-38

1.8K 85 61
                                    


Unicode

"ဘယ်လိုလဲ မောင်လေး စိတ်လှုပ်ရှားနေပြီလား သားသားလိုချင်လား မီးမီးလိုချင်လား"

ယန္တရာတကယ့်ကို စိတ်လှုပ်ရှားနေပါပြီ ။ Ultrasound result သိရပြီမို့ အစ်မသက် က မေးနေခြင်းပါ။

"သားလေး"

ယန္တရာ သားလေးပဲ လိုချင်ပါသည်။ မိမိနှင့်တစ်ပုံစံထဲ တူညီသော သားယောကျ်ားလေးသာ လိုအပ်သည်။ယန္တရာမရှိတော့သည့်နောက်ပိုင်း မိမိချစ်ရသူတွေကို နှစ်သိမ့်ပေးနိုင်ရန်အတွက်ပါ။အထူးသဖြင့် ဃဃလေး အတွက် အားပေးဖော်ရစေရန်....။

မိမိ၏ဃဃလေးက စိတ်ရင်းကကောင်းသည်။ဘာအတွက်ကြောင့် မိမိပေါ်ဆိုးနေသည်မသိ။သူဆိုးလို့ရလို့ ဆိုးနေတာဖြစ်မှာ...

"မောင်လေးဆန္ဒတွေ ပြည့်ပါတယ် သားလေးပါနော် တကယ်ဆိုဒိထက်စောစော သိစေချင်တာ နှလုံးအတွက်ထိခိုက်မှုရှိနိုင်လို့ Ultrasound ကို မရိုက်ပေးတာပါ အစ်မတို့ကိုနားလည်ပေးနော်"

အစ်မသက်စကားကြောင့် ကြည်နူးမှုတွေ အဆ တစ်ရာ ပိုတိုးသွားသလို။

"နားလည်ပါတယ် အစ်မသက်ရယ်"

"အစ်မကတော့ မောင်လေးပြောတဲ့ရက်ထက်စော မွေးစေချင်တယ် မွေးရက်လည်းရောက်နေပြီလေ၊ ကလေးအတွက် စိတ်ချရပေမဲ့ ငါ့မောင်အတွက် စိတ်မချဘူး နောက်ပြီး ဘယ်မှာမွေးချင်လဲ "

"ဟုတ်ကဲ့  France မှာမွေးမယ်လို့ဆုံးဖြတ်ထားတယ် ကူညီပေးပါ"

တစ်ချိန်မှာ ကိုယ်ပျောက်ကွယ်သွားသည့်တိုင် လူ့လောကကြီးမှာ ရှင်သန်ကျန်ရစ်ခဲ့မဲ့ တစ်စုံတစ်ယောက်အတွက် မိမိနှင့် ထပ်တူနီးပါး တူညီသည့် လူသားတစ်ဦး ကျန်ရစ်စေချင်သည်။မိမိရဲ့ ကိုယ်ပွားလေးကို မြတ်နိုးရာ ဃဃလေး အတွက် ချန်ထားရစ် ခဲ့ချင်သည်။

"ပြန်စဥ်းစားပါဦးနော် အစ်မကမကူညီချင်လို့မဟုတ်ပါဘူး၊ ဒီမှာက မိသားစုတွေရှိတယ်လေ ၊ဆေးရုံကလည်းအဆသင့် အစ်မတို့တွေလည်းရှိမှာ အားလုံးကငါ့မောင် ဘေးမှာရှိနေမဲ့သူတွေချည်းပဲ ဒါကိုဘာလို့ ...."

"ကျွန်တော်ခံစား​နေရတာတွေကို မမြင်စေချင်လို့ပါ "

ဟင်း.....ခက်လိုက်ပါဘိ ငါ့မောင်ရယ်။ ဒီကလေး ဘာတွေတွေးပြီး ပူနေပြန်သလဲ။ကိုယ့်ကိုကိုယ်ပူနေရမဲ့ အချိန်မှာ တပါးသူတွေအတွက် တွေးပေး စရာမလိုဘူးလို့ထင်တာပဲ။ ဒါကသက်သက် အတွေးပါ။ ဒီဗိုက်ဗိုက်လေး ကတော့ အဲ့လိုတွေးချင်မှတွေးမှာ။ ဘာပဲဖြစ်ဖြစ် မိသားစု ရှိရာ ကိုယ့်မြေကိုယ့်ရေ မှာပဲ မွေးစေချင်သည်။ ဆေးရုံလည်း အဆင်သင့်၊တခြား ဆရာဝန်ကြီးတွေလည်းရှိနေတာ။ ကလေးအတွက်ကတော့ ပူပင်စရာမလို။သူ့အတွက်သာ......။ သက်သက်တို့အလုပ်က လူနာ့အသက်ကို မရမက ကယ်ဖို့ နဲ့ ထိုလူနာကို စိတ်ဓာတ်မကျစေရန် အားပေးဖို့ပါ။

"မျှော်လင့်မထားခဲ့သော" [ Completed ]Onde as histórias ganham vida. Descobre agora