ST-35

1.5K 70 42
                                    

Unicode

AT Silver Hospital

ဒီဆေးရုံကြီးက မမကြီးစီမံအုပ်ချုပ်နေပေမဲ့ ရှယ်ယာ အများစုက ယန္တရာပိုင်သည်။ မမကြီးက ကုသရေးနှင့် စီမံအုပ်ချုပ်ရေးသာ တာဝန်ယူပြီး ကျန်သည့် ကိစ္စအဝ ဝ ကို မိမိကသာ တာဝန်ယူ ကိုင်တွယ်ထားသည်။

ဒီနေ့ ဆေးစစ်ချက် result နှင့်ပတ်သက်၍ မိမိဆန္ဒကို ပြောပြရန် လာခဲ့ခြင်းဖြစ်သည်။ result အရ မိမိတွင် ဆိုးရွားသော နုလုံးရောဂါရှိနေသည်။ အစားထိုးခွဲစိတ်လို့ရပေမဲ့ ထိုဒဏ်ကို ခံနိုင်သည့်အင်အား ယန္တရာ့တွင် မရှိပါ။ခွဲစိတ်ကုသ ပြီးပါကလည်း အသက်ရှင်သန်နိုင်သည့် ရာခိုင်နှုန်းက 75% သာ။ သိုပေမဲ့ မိမိဆန္ဒက အစားထိုးကုသရန်မဟုတ်။မိမိရဲ့အရာအားလုံးဟာ ဃဃလေးအတွက်သာ....။

လူနာသီးသန့် တွေ့ဆုံခန်းထဲတွင် မိမိကို တာဝန်ယူထားသည့် ဒေါက်တာအာကာနှင့် ဒေါက်တာ ရိပ်ပြာ၊ မမကြီးတို့ရှိနေသည်။မမကြီး ပြောစကားအရ ထိုဒေါက်တာ နှစ်ယောက်က အိမ်ထောင်သက် များစွာ ရနေပြီး အငှားကိုယ်ဝန်နှင့် သမီးလေးတယောက်ပါမွေးထားသည်တဲ့။ နိုင်ငံခြားတွင် သွားရောက်လက်ထပ်ထားသည့် စုံတွဲတွေ။

ဒေါက်တာ ရိပ်ပြာက အေးဆေးပြီး သနားတတ်ပုံရကာ၊ ဒေါက်တာအာကာ ကတော့ ခပ်ပြတ်ပြတ် လူမျိုးဖြစ်ပုံရသည်။ ကြားရသည့် သတင်းစကားအရ ဒေါက်တာအာကာ က ဆရာဝန်အလုပ်ကို ဝါသနာပါ၍ မဟုတ်ပဲ ဒေါက်တာ ရိပ်ပြာနှင့် နီးစပ်ရန်အတွက် ဆေးတက္ကသိုလ်လိုက်တက်ခဲ့ခြင်းသာ ဖြစ်သည်ဟု သိခဲ့ရသည်။

"ရောက်လာပြီလား ကိုယန္တရာ ကျွန်တော်တို့ကို တွေ့ချင်တယ်ဆိုလို့"

"ဟုတ်ကဲ့ ကျွန်တော့် ဆန္ဒကို တိုက်ရိုက်ပဲ ပြောချင်ပါတယ်"

"ဟုတ်ကဲ့ နားထောင်ပေးပါ့မယ်"

"သားသမီးလိုချင်ပါတယ်"

မိမိစဝင်လာကထဲက တစ်လျှောက်လုံး ငြိမ်နေသည့် မမကြီးက ဒေါသထွက်ကာ...

"မမကြီး လက်မခံဘူးနော် လုံးလုံး "

"ကလေးမွေးတာလေးပဲ ဘာဖြစ်သွားမှာမိုလို့လဲ "

"မွေးတာလေးပဲ ဟုတ်လား သားရဲ့လက်ရှိအခြေနေနဲ့ မဖြစ်နိုင်ဘူးဆိုတာ မသိဘူးလား"

"မျှော်လင့်မထားခဲ့သော" [ Completed ]Unde poveștirile trăiesc. Descoperă acum