ST-15

1.6K 88 2
                                    


Unicode

"ဒီနားလာထိုင်လေ"

ဘွားတို့ တမျိုးတမည်ထင်မှာဆိုး၍သာ ခေါ်လိုက်ရခြင်းဖြစ်သည်။ လူကြီးဆိုသည့်အမျိုးက အရာရာကို စူးစမ်းချင်သည်လေ။

"နေပါစေ ကိုယ်ဒီနားမှာပဲ"

"ဪ ဆရာလေးရယ် လူလေးက ဘွားတို့ကို အားနာနေတာဖြစ်မယ် သွားခေါ်လိုက်လေ နော်"

ခေါ်နေတာကို လာပါလား ခေါ်နေတဲ့သူကို အားနာရကောင်းမှန်းမသိ ။ဘွားတို့တမျိုးထင်မည်ဆိုး၍သာ... ဒီလောက် လူလိုနားမလည်နေတာကို မဟာကခေါ်ချင်မနေဘူး ဟွန့်...

နှာခေါင်းလေးရှုံ့ကာ မဲ့ရွဲ့ပြီး ကိုယ့်ကိုအတင်းပြောနေပုံလေးက အူယားစရာ စိတ်ရှည်လက်ရှည် လုပ်လိုက်လို့ကတော့ ဒင်းလေးငိုရဦးမယ်။

"အထဲဝင်လို့ "

"နေပါစေ"

"ခင်ဗျား လူလိုနားမလည်ဘူးလား လူကြီးကခေါ်နေတာကို"

"မင်းလေးကရော မခေါ်ချင်ဘူးပေါ့"

"အသေအချာပဲ"

"ဒါဆို မလာတော့ဘူး"

"လာပါဆိုနေ အပြင်ကပူတယ်"

"လာပါပြီဗျာ"

"အစထဲက လာလိုက်ရင်ပြီးနေတာကို လေတွေပေတွေက ရှည်နေရသေး အရပ်နဲ့လိုက်ပြီး ရှည်နေတာ"

"ဘာပြောလိုက်တယ်"

"မပြောဘူး ထိုင်တော့ ပြီးတော့ကျွေးရင်စားနော် ဘွားတို့က ကျွေးရင်စားမှကြိုက်တာ"

"မင်းလေးကရော ကျွေးမှာလား"

နားနားကပ်ကာပြောလာသည့် လေငွေ့နွေးနွေးနှင့်သြရှရှအသံကြောင့် မဟာ ကိုယ်လေး တချက်တွန့်သွားမိသည်။ တစ်ကိုယ်လုံးရဲ့ အမွေးအမျှင်တေတောင် ထောင်မတ်သွားသလို ဒီလူဘာစကားပြောလိုက်တာလဲ??

ဘွားတို့ရှေ့မှာမို့ သူစိတ်ထိန်းနေတာ မဟုတ်ရင် မဟာ လုပ်လိုက်ရင် ထိုလူခံရတော့မှာ....မဟာ့ကိုပြုံးပြီး ကြည့်နေပုံက မသတီစရာ ဟွန့်......

လက်သီးဖြူဖြူလေးကို ဆုပ်ကာ မျက်စောင်းလေးထိုးပြလာသည်။ ခင်ဗျား သတိထားနေပါပေါ့ ယန္တရာက သဘောပေါက်လွယ်လို့သာ တခြားလူသာမြင်ရင် ဒီအဖြစ်ကို သေချာပေါက် တမျိုးတမည်ထင်လောက်မည်။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now