ST-32

1.2K 70 26
                                    

Unicode

"ခင်ဗျားကို အစ်မမေပန်းချီက diary စာအုပ်ပေးခဲ့တယ်ဆို အဲ့ဒါရှိသေးလား"

"ရှိတယ်လေ ငယ်ရဲ့ မောင်သိမ်းထားပေးပါတယ်"

"သွားယူချည် ပြန်ဖတ်ဖို့ လိုအပ်နေလို့ "

"ဘာဖြစ်လို့လဲ အဲဒိထဲမှာဘာပါလို့လဲ"

"ငယ်သိချင်တာများ ပါနေသလားလို့ပါ"

"ဟုတ်ပါပြီကွာ"

အစ်မမေပန်းချီတို့ လင်မယား ထိုင်းကို သွားနေတုန်း မှိုင်း ရန်ကုန်အိမ်သို့ ခဏပြန်သွားခဲ့သည်။ သမီးပုံ ရဲ့အမျိုးသားကိစ္စကို စိတ်မကောင်းစရာကြားခဲ့ရသည်။ ဒိထက်ဆိုးသည်က လုံးလုံးလေးက မောင့်ရဲ့သား အနဂ္ဃမဟာ ဆိုတဲ့ တယောက်ကို အလိုမတူပဲ အတင်းအဓမ္မ လက်ထပ်ယူထားသည်တဲ့လေ။ လုံးလုံးလေးက ဒီလောက်ထိ လုပ်ရက်လိမ့်မယ်လို့မထင်ခဲ့။ သူများသားသမီးကို ခုလိုတော့မလုပ်သင့်ဘူးလေ။ မောင်က လုံးလုံးလေးဆို သားဇေ သားဇေ နဲ့ပါးစပ်ဖျားက မချ။ အတော်ချစ်ရှာသည်။ ဒါကိုသူက မလုပ်သင့်သည်ကို လုပ်ခဲ့သည်။

"ဖတ်ပြပေးပြီး မောင်လည်း ကူတွေးပေးမယ်"

"ငယ် ဘာသိချင်တာလဲဆိုတာ ခင်ဗျားက သိလို့လား"

"မသိပါဘူး ဒါပေမဲ့ ဒီ Diary က ငယ့်ခံစားချက်တွေကို ရေးထားတာလေ၊ အဲ့ဒါကြောင့် ငယ့်ကို တယောက်ထဲ ဝမ်းနည်းနေတာ မမြင်ချင်လို့ ခုလိုကူဖတ်ပေးမှာ၊ မောင်ဖတ်ပြပေးမယ် ငယ်က မောင်ပေါင်ပေါ်အိပ်လိုက် လာ"

မောင်ဖတ်ပြတာကို ဂရုတစိုက်နားထောင်ရင်း မှေးခနဲ အိပ်ပျော်သွားသည်။ အိမ်မက်ထဲတွင် ကလေးငယ် တစ်ယောက်က မိမိကို တခစ်ခစ်နှင့် ရယ်ပြနေသည်။ မှိုင်းလက်လှမ်းလိုက်တော့ နောက်ဆုတ် သွားပြီး တရွေ့ရွေ့ နှင့် မီးခိုးငွေ့များအကြား ပျောက်ကွယ်သွားသည်။ မိမိလည်း ထိုကလေးကို အော်ခေါ်ရင်း လိုက်ရှာနေမိသည်။

"ကလေး....."

အိပ်နေရင်းမှ လန့်နိုးလာသည့် ငယ့်ကို အနန္တ ပွေ့ဖက်ထားလိုက်သည်။ အိမ်မက်ဆိုးတွေ ​မက်ပြန်ပြီထင်သည်။ ခုတလော ငယ်က ကလေးတစ်ယောက်ကိုပဲ အိမ်မက်မက်နေသည်တဲ့လေ။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now