ST-27

1.1K 75 42
                                    

Unicode

....ခွမ်း.....

မမျှော်လင့်ပဲ မိမိကို တွေ့လိုက်ရလို့ထင်သည်။ အလန့်တကြားဖြင့် ထိုအရိပ်လက်ထဲက ရေဖန် ခွက်က ကြွေပြားပေါ် လွတ်ကျသွားသည်။ အနန္တ ကိုယ့်မျက်စိပင် ကိုယ်မယုံနိုင်။ ဒါက အိပ်မက်လား ၊ မျက်စိရှေ့က ဖြူတူတူအရိပ်က လူသားအစစ်လား ၊ ဝိညဥ် သက်သက်ဖြင့် ဖွဲ့စည်ထားသော သရဲလား။

"ဟင်"

ထိုဖြူတူတူ အရိပ်ဆီမှ စကားသံထွက်လာသည့်တိုင် ကိုယ့်နားကိုပင် မယုံနိုင်။ နားကြားများ မှားနေသလား။ ကိုယ်ကစွဲလမ်း လွန်းလို့ သူ့အသံတွေကြားနေရခြင်းဖြစ်မှာပါ။ မျက်စိရှေ့က ဖြူတူတူအရိပ်ဆီက ကျယ်လောင်သော အသံထွက်ပေါ်လာသည်။

"မလာနဲ့"

ဝေးကွာခဲ့တာ ကြာနေပေမဲ့ ဒီဖြူတူတူ အရိပ်လေးကိုတော့ ဘယ်သောအခါမှ မမေ့ နှလုံးသားထဲမှာ ဒီနေ့ထိ အမြစ်တွယ်နေတုန်းပါ။သိုပေမဲ့ အနန္တ ကိုယ်တိုင် အတည်ပြုခဲ့တဲ့ ဒီသေဆုံးခြင်းဟာ အစစ်အမှန်မဟုတ်ခဲ့ဘူးလား။ ခုထိတိုင် အသက်ရှင်သန် ရပ်တည်နိုင်တုန်းလား။ထိုအရိပ်လေးကို ထိတွေ့စမ်းသပ်ကြည့်ချင်မိသည်။ သို့မှသာ မိမိရဲ့မရေရာခြင်း၊ မသေချာခြင်းတွေကို အတည်ပြုနိုင်မှာလေ။အနန္တ ခြေလှမ်းကို တဖြည်းဖြည်းရှေ့ဆက်တိုးမိနေသည်။

"ရှေ့ဆက်မတိုးနဲ့"

အော်သံတစ်ချက် ထွက်ပေါ်လာပြန်သည်။ ထိုအရိပ်က တဖြေးဖြေးနောက်ဆုတ်သွားပြီး မိမိနှင့်အနည်းငယ်
ဝေးသွားသည်။

"သွေး....သွေး.... သွေးတွေ "

အနန္တ ကြမ်းပြင်သို့ငုံ့ကြည့်မိသည်။ ချွန်ထက်သော ဖန်ကွဲစက မိမိခြေထောက်နှစ်ဖက်သို့ နစ်ဝင်နေသဖြင့် သွေးများအဆက်မပြတ်ထွက်နေခြင်း ဖြစ်သည်။ထိုအချင်းအရာကို မြင်သဖြင့် နားနှစ်ဖက်ကို လက်ဝါးဖြင့်ပိတ်ကာ စူးစူးဝါးဝါး အော်ဟစ်နေပြန်သည်။

"မလာပါနဲ့ မလာနဲ့ မလာကြပါနဲ့"

မျက်စိရှေ့မှ ထိုအရိပ်က ရုတ်တရက်လဲကျသွားသည်။ထို့နောက် တင်ပါးနှင့် ခြေဖဝါးကိုအသုံးပြုကာ ကျောဘက်မှ နံရံဆီ တဖြည်းဖြည်း နောက်ဆုတ်သွားသည်။ မျက်စိကို စုံမှိတ်ထားပြီး လက်တွေကိုလည်း ဘယ် ညာ ရမ်းကာတောင်းပန်နေပြန်သည်။ထို မြင်ကွင်းကြောင့် အနန္တလည်း တနေရာရာမှ တဆစ်ဆစ်နှင့် နာကျင်နေရသည်။
သွေးထွက်နေတဲ့ ခြေထောက်ဒဏ်ရာဆီမှ မဟုတ်ပဲ ရင်တွင်းတနေရာဆီမှ စူးစူးနစ်နစ် ခံစားနေရတဲ့ နာကျင်မှုပါ။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now