ST-31

1.2K 62 37
                                    


Unicode

မဟာ သူရဲ့ Macbook ယူထားတာ တော်တော် ​ ကြာနေပြီလေ သူကလည်း မတောင်းတာမို့ မပေးဖြစ်တာ။ ဖွင့်ကြည့်ပြီး မိမိသိချင်သည်များကို ရှာလိုက်သည်။ file တစ်ခုထဲမှ photo များကမဟာ့ ကို စွဲဆောင်နေသည်။ ထိုစဥ် ph သံကြားသဖြင့် ကိုင်လိုက်သည်။

Ring.......Ring

"hello မာမိ"

"......"

"ရပါတယ် လာခဲ့ပါ သားစောင့်နေမယ်"

"....."

"bye မာမီ"

မာမီက နောက်အပတ်ထဲ မြန်မာနိုင်ငံပြန်လာဖို့ရှိသည်မို့ မဟာ့အိမ်မှာနေချင်သည်တဲ့လေ။ ခုCondo က ကျယ်ဝန်းပေမဲ့ မာမီရောက်လာ လျင်တော့အဆင်မပြေနိုင်။ မဟာ့အကြောင်း အလုံးစုံ ပြောပြထားပြီးသားမို့ မာမီက ဒီကောင်လေးကို သနားနေသည်။ ဘာကြောင့်များ မဟာနဲ့ ပတ်သက်နေသူများက ဒီကောင်လေးကို ချစ်နေကြသနည်း။ ခုထိကိုတွေးမရ။

ခုဏ မဟာကြည့်လက်စ ပုံများကို ဆက်ကြည့်နေလိုက်သည်။ထို့နောက် Flower Diary ဆိုပြီး ရေးထားတဲ့ file ထဲကို ထပ်မံဝင်လိုက်သည်။

"ဟင်... ဒါ.....ဒါတွေက"

မဟာ့ အမြင်တွေ ဝေဝါးကုန်သည်။ ရင်တွင်းမှာ ဝမ်းနည်းခြင်းက နေရာယူလာသည်။ ပန်းပုံလေးနဲ့postcard လေးကို တွဲတွဲ ပြီး ရိုက်ထားတဲ့ပုံတွေ က မဟာ့ကို ရူးသွပ်သွားစေသည်။ ထိုအချိန်အခါထဲက မိမိကို သူက... ။

"တောက် .....ဒါ သက်သက် လူကို ကစားနေတာ"

မိမိကို မလှိမ့်တပတ်လုပ်ကာ ကစားနေသည့်အတွက် ခံပြင်းပြီး မျက်ရည်ကျမိခြင်းဖြစ်သည်။

"ပြန်လာခဲ့ဦး မင်းနဲ့ငါ တွေ့ကျပြီပေါ့ ကောင်လေးရယ်"

ချပ်........

"မင်းပြန်လာပြီပဲ လာပါဦး ငါ့ဆီကို"

ဒီနေ့မှထူးထူးခြားခြား ဃဃလေးက မိမိကို ပြုံးကာခေါ်နေသည်မို့ အပြေးအလွှားသွားလိုက်သည်။

ခွပ်......

"ငါ့ကို ကစားချင်ဦး မင်းရဲ့ ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ ငါ့ကို ဟိုးအရင်ထဲက ချဥ်းကပ်ခဲ့တာပဲ ငါက တုံးလွန်း အလွန်းလို့ ဘာမှမသိပဲ နေနေခဲ့တာ"

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now