ST-16

1.5K 84 2
                                    

Unicode

မဟာညက အတွေးလွန်ပြီး တော်တော်နဲ့အိပ်မပျော်ပေ။ထို့ကြောင့်ခုမနက်မထချင်လောက်အောင် ဖြစ်နေသည်။ အိပ်ရေးမဝတော့ လူကသိပ်မလန်းဆန်းသလို....

အရင်တပတ်က ကိစ္စကိုပဲခဏခဏ ပြန်တွေးဖြစ်နေသည်။ဘာကြောင့်လဲတော့မဟာလည်းသေချာမသိပေ။ ဟိုလူနဲ့ အကြာကြီးစကားပြောခဲ့တာတောင် ဘယ်မှာနေမှန်းမသိလိုက်ရ။ ထားပါတော့လေ နောက်လဲဆုံချင်မှဆုံမှာ....

မဟာလည်း ရေချိုးအဝတ်စားလဲ ပြီးဆင်းလာတော့ အောက်ထပ်မှာဒယ်ဒီကမရှိ ။ ညကပြောပုံအရ ကြီးမေအထည်ဆိုင်ကို သွားကြည့်တာဖြစ်မည်။စိတ်မချလို့လိုက်ပို့မယ်ပြောတော့ လက်မခံပဲ သူ့ကချည်း ပြန်စိတ်မချဖြစ်နေတာ...ဒယ်ဒီက အရင်ကနှုတ်နည်းသလောက် ခုနောက်ပိုင်းအတော်ကို ပြောလာသည်။

!Ring......Ring........Ring!

"hello ဒယ်ဒီ "

"ဟုတ် ခုလေးပဲနိုးတာ"

"ဒါဆို ဘာမှမချက်ခဲ့တော့ဘူး သားသွားတော့မယ်"

မဟာ ဒယ်ဒီနဲ့ပြောပြီး ဂိုထောင်ထဲကကားကိုထုတ်ရသေးသည်။ ခြံတံခါးနားရောက်တော့ မြင်လိုက်ရသည်က.....

"ဟင် Canolaပန်းများ"

ဒီပန်းကခုလိုနွေဦးမှာ ပွင့်လေ့ရှိတာ မဟာသိသည်။အဝါရောင်တောက်တောက်လေးတွေ အနံံ့သိပ်မရှိ။

ပန်းစည်းက အတော်ကြီးနေတော့ မဟာလက်နှစ်ဖက်နဲ့ပိုက်ကာ အိမ်ထဲသယ်ခဲ့ရသည်။ ဒီတခါတော့ဘယ်သူဘယ်ဝါပေးပေး ဘာရည်ရွယ်ချက်နဲ့ပေးပေး ဘာမှမစဥ်းစားတော့ပဲ ပန်းတွေကို ခွဲလိုက်သည်။ပေးတဲ့သူလည်း ကုသိုလ်ရအောင် မဟာဘုရားကပ်လိုက်သည်။ ကျန်တဲ့ပန်းကိုတော့ ဧည့်ခန်းမှာထိုးထားလိုက်သည်။ဒီတခေါက်လည်း postcard ဝါဝါလေးပါလာသည်မို့ မဟာစိတ်ထဲကဖတ်လိုက်သည်။

°°မင်းတယောက် အမြဲပျော်ရွှင် ချမ်းမြေ့ပါစေ ကိုယ့်ရဲ့ဒုတိယခြေလှမ်းကို အသိအမှတ်ပြုပေးပါ°°

မဟာလည်း ပြတင်းပေါက်ကိုမှီရင်း ပန်းလေးကိုလှည့်ပတ်ကြည့်နေမိသည်။ပွင့်ဖတ်ဝါဝါသေးသေးလေးတွေက ရိုးတံစိမ်းနှင့်လိုက်ဖက်စွာ.... တံခါးကနေတဆင့်ထိုးဖောက်လာတဲ့နေရောင် ဖျော့ဖျော့ ကြောင့် ပွင့်ဖတ်လေးတွေက ရှိရင်းစွဲထက်ပိုတောက်ပနေသည်။ထို့ကြောင့် မဟာအမြင်က စူးရှကာကြည်လင်လင်လာသလို။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now