ST-1

8.8K 368 30
                                    


Unicode

အေးမြတဲ့ဆောင်းဦးညနဲ့အတူ ခမ်းနားလွန်းတဲ့ပွဲတခုက အဆင့်မြင်သုံးထပ်တိုက်ကြီးရဲ့ရှေ့မြက်ခင်းပြင်မှာ ကျင်းပနေသည်။ ရောင်စုံမီးများနဲ့အတူ လူများ ကလည်း ဟိုဟိုဒီဒီ လှုပ်ရှားကာဖြင့် ဆူညံနေကြသည်။ မြန်မာနိုင်ငံ၏ ဒိတ်ဒိတ်ကြဲ လူချမ်းသာ တစ်ဦးကျင်းပသော ပွဲတစ်ခုဖြစ်သဖြင့် စီးပွားရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အစိုးရဌာနမှ အကြီးအကဲများ၊ ရုပ်ရှင်လောကသားများ စသည်ဖြင့် နယ်ပယ်အမျိုးမျိုးမှ လူပုဂ္ဂိုလ်များ စုံလင်စွာတက်ရောက်ကြသော ပွဲတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နေရာဒေသမရွေး ဖွင့်လှစ်ထားသော car showroom များ၊ နိုင်ငံခြားနှင့် ဖက်စပ်လုပ်ငန်းများစွာ ပိုင်ဆိုင်ထားသော Silver Group ။ထို Silver Group ကြီး၏ ပဲ့ကိုင် ဖြစ်သူ ဦးဇေထူးခန့်။ထိုပုဂ္ဂိုလ်သည် ဒေါ်မေပန်းချီဟူသော အမျိုးသမီးနှင့် လက်ဆက်ကာ သမီးအမြွှာနှစ်ယောက်၊ သားတယောက်မွေးထားသည်။ယခုကျင်းပသည့် ပွဲက သူ၏ သားအငယ်ဆုံး၏ မွေးနေ့ပွဲပေ။

သမီးအမြွာ တွေက တယောက်ကဆရာဝန်ဖြစ်ပြီး၊တယောက်က model ပေါက်စပေါ့။သမီးအကြီးမ အမည်က ပုံပန်းချီထူးခန့် ဖြစ်ပြီး သမီးအငယ် က မှုံပန်းချီထူးခန့် ဖြစ်သည်။ သားအငယ်ကတော့ ထိန်းမရသိမ်းမရ အဆိုးသွမ်းလေး လုံးလုံးဆိုသူ။ဤ အကြောင်းအရာက social network သုံးနေကြသူတိုင်း သိနေသော အချက်များပေ။

"အားလုံးပဲ မင်္ဂလာညချမ်းပါ ခင်ဗျ"

"ဒီနေ့ပွဲက ကျနော့်သားငယ်လေးရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ် ကြွရောက်လာတဲ့လူကြီးမင်းများ အားလုံးပျော်ပျော်ပါးပါး ဆင်နွှဲကြပါ ခင်ဗျာ"

Silver Group ရဲ့CEOကြီး ဦးဇေထူးခန့်ရဲ့ စကားနဲ့အတူ ပရိတ်များရဲ့စကားသံတွေ ပြန်ဆူလာပြန်သည်။ ဦးဇေထူးခန့် စကားပြောရင်းသားတော်မောင်ကို မျက်လုံးနဲ့အရှာထွက်နေရသည်။

! ပွဲကစတော့မှာ ဒင်းကဘယ်သွားသေနေပြန်လဲမသိ!

စိတ်ထဲမှရွတ်ရင်း အမြန်ပဲအောက်ဆင်းလာလိုက်သည်။မိဘကို အတော်စိတ်သောက ရောက်အောင်လုပ်လွန်းတဲ့ကလေး။ မိမိဒေါသထွက်နေတာက အရေးမကြီး ၊ဒင်းကို တွေအောင်ရှာရဦးမည်လေ။ထို့ကြောင့် စားပွဲဝိုင်းတခုခုမှာများ ထိုင်နေမလား မသိနိုင်၍ လှည့်ပတ်ရှာမိသည်။မိမိ ရှာနေတုန်း ဝိုင်းတစ်ခုမှ မိတိဆွေတစ်ဦးကနှုတ်ဆက်လာသည်။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now