"ဟုတ်ကဲ့ခင်ဗျ"

"ဒီကို ဘာလာလုပ်တာလဲ ရေးငယ်"

"သူငယ်ချင်းက ဒီမှာစာလာသင်လို့ လိုက်ပို့ပေးတာပါအစ်မ"

"ဪ . . . ရင်ခတ်ပန်းဆိုတဲ့ ဆရာမလေးလား"

"ဟုတ်ကဲ့ခင်ဗျ"

ရေးနဲ့ကြွေရုပ်ဆိုတဲ့အစ်မနဲ့ စကားပြောနေတုန်းမှာ ရင်ခတ်က စာစစ်ပြီးသွားလို့ အပြင်ကိုထွက်လာတယ်။

"ရေး ငါပြီးပြီ။ ပြန်ကြမယ်"

"အေး သွားမယ်လေ။ အစ်မ ကျွန်တော့်ကို သွားခွင့်ပြုပါဦးခင်ဗျာ့"

"အေးအေးမောင်လေး"

"မမ ရင်ခတ်တို့ ပြန်လိုက်ပါဦးမယ်"

"အေးအေး ညီမလေး"

ထွက်ခွာသွားတဲ့ ရေးငယ်နဲ့ဆရာမလေးကိုကြည့်ပြီး အခွန့်အတွက် စိတ်ပူမိသွားတယ်။ ဆရာမလေးက ချောတယ်။ ရေးငယ်နဲ့သက်တူရွယ်တူဖြစ်သလို ရေးငယ်ရဲ့ မျက်လုံးထဲမှာ ဆရာမလေးကို သဘောကျတဲ့အရိပ်အယောင်မျိုး တွေ့နေရတယ်။ ကြွေရုပ်နဲ့အခွန်တို့မိသားစု မတွေ့ဖြစ်ခဲ့ကြတဲ့ ဒီအချိန်အတောအတွင်းမှာ အခွန်နဲ့ရေးငယ် ဘာတွေဖြစ်ခဲ့ကြတာပါလိမ့်။ ဘာတွေကများ ရေးငယ်ကို ဒီလောက်တောင် ပြောင်းလဲသွားစေခဲ့တာလဲ။ အတိတ်မေ့တဲ့သူတစ်ယောက်က ဒီလောက်ပြောင်းလဲသွားပါ့မလား။ ရေးငယ်ကိုကြည့်ရတာ အရင်ရေးခြယ်သူနဲ့ လုံးဝမတူတော့တဲ့ ရေးခြယ်သူအသစ်တစ်ယောက်လိုပဲ အရာရာပြောင်းလဲသွားတယ်။

ကြွေရုပ်နဲ့တွေ့တိုင်း အားနာနေတဲ့မျက်ဝန်းတွေနဲ့ အမြဲကြည့်ခဲ့တဲ့ ရေးခြယ်သူလေး မဟုတ်တော့ဘူး။ ကြွေရုပ်နဲ့တွေ့တိုင်း အားနာစိတ်နဲ့ မျက်နှာချင်းမဆိုင်ဝံ့တဲ့ ကောင်လေးမဟုတ်တော့ဘူး။ ကြွေရုပ်နဲ့တွေ့တိုင်း အားနာစိတ်နဲ့ တောင်းပန်တတ်ခဲ့တဲ့ကောင်လေးမဟုတ်တော့ဘူး။

သားတွေနဲ့အခွန့်ကို သိပ်ချစ်ပေးလွန်းပြီး အခွန့်ကို အူတိုလွန်းတတ်ခဲ့တဲ့ ကောင်လေးမဟုတ်တော့ဘူး။ သားတွေနဲ့အခွန့်ကို အသေးစိတ်ကစ အရာရာ ဂရုစိုက်ပြီးချစ်ပေးခဲ့တဲ့ ကောင်လေးမဟုတ်တော့ဘူး။

OMG . . . My Future Husband is Him !!!Where stories live. Discover now