လီယမ်ပြောတော့ စစ်နိုင်းက နှာခေါင်းကို တစ်ချက်ပွတ်လိုက်ပြီးမှ..

"အဲ့ဒီလောက်ကြီး မဟုတ်ပါဘူး ငါတို့က ဒီအတိုင်း ပါတနာသဘောမ်ျိုးပဲ.."

စစ်နိုင်းပြောနေတုန်း လီယမ်၏ PAက အထုပ်ကြီး အထုပ်ငယ်တွေ ဆွဲ၍ ဝင်ရောက်လာတော့ စကားစက ပြတ်သွားရတော့သည်။
လီယမ်က စားပွဲပေါ်ရောက်လာသော အထုပ်တွေကို မေးဆတ်ပြပြီးမှ...

"မင်းတို့အတွက် ပြည်တော်ပြန်လက်ဆောင် အဆင်ပြေမယ်ထင်တာသာ ရွေးယူကြတော့ ငါလည်း ဘာဝယ်ရမှန်းမသိလို့ တွေ့သမျှ ဆွဲချခဲ့တာ.."

လီယမ်ပြောတော့ အားလုံး၏ အကြည့်များက အထုပ်တွေပေါ် ရောက်သွားကြရတော့သည်။များစွာသော ပစ္စည်းတွေထဲမှ စစ်နိုင်း၏
အာရုံကို ဖမ်းစာသွားတာက အပြာရောင် Marlboro စီးကရက်ဘူးတောင့် ဖြစ်သည်။အမြဲတမ်း စီးကရက်ခဲထားတက်တဲ့ နှုတ်ခမ်းပါးတွေကို သတိရမိသွားတော့ ထိုစီးကရက်ဘူးတောင့်ကို လက်ကဆွဲယူပြီးသား ဖြစ်သွားလေတော့သည်။

"ဟ ဒေါက်တာကြီးက ဆေးလိပ်တွေဘာတွေ ကိုင်တော့မလို့လား"

သီဟက ထပြောတော့ အားလုံးက စစ်နိုင်းအား ထူးဆန်းသလို မျက်လုံး ပြူးကြည့်လာရသည်။ဟုတ်တယ်လေ ဟန်စစ်နိုင်းဆိုတာ ဘယ်တုန်းကမှ ဆေးလိပ်ဆိုတာကို စောင်းကြည့်ခဲ့တာမျိုးမှ မဟုတ်ပဲနဲ့။ထင်ကျော်က လက်ကိုင်အိတ် လှလှတစ်လုံးကို ဆွဲယူနေပြီးမှ...

"သူလင်လေးအတွက်ဟေ့ သူလင်လေးအတွက် ဟိုကဆေးလိပ်ဆို xင်က မီးခိုးထွက်တဲ့အထိ သောက်တာ.."

ထင်ကျော်က ထပြောတော့ စစ်နိုင်းက ထင်ကျော်၏ လက်မောင်းအား ခပ်ဖွဖွထိုးပြီးတော့မှ...

"မင်းကိုတော့ ရွာပြင်ထုတ်ရတော့မယ် မအေဘေး..."

စစ်နိုင်းပြောတော့...

"ဘာလဲ ဒါက ပါတနာဆိုပြီး သဲသဲလှုပ်နေတဲ့ အကြောင်းလေး ဝန်ခံလိုက်တာလား"

"ဘာမှ သဲသဲလှုပ်စရာ အကြောင်းမရှိဘူး.."

"အေးပါ အေးပါ နောက်အကြောင်းတွေ ရှိလာလို့ ထင်ကျော်ရေ့ ဆိုလို့ကတော့ တာတာ့ပဲနော်.."

Green Eye(complete)Where stories live. Discover now