"အပိုတွေဟျောင့်ရေ့ ကြားကောင်းအောင် လျှောက်ပြောနေတာ မင်းကောင်က ခြောက်ကပ်ပြီး ပတ်ကြားအက်နေတာ လင်ယူမှာ လင်ယူတော့မှာကွ.."

ထင်ကျော်၏စကားကြောင့် ခိုင်ဇော်က အရက်ခွက်ကို မော့သောက်နေရာမှာ သီးသွားရသလို လီယမ်ရော သီဟရော မျက်လုံးပြူးကြီးများဖြင့် စူးစမ်းလာတော့ စစ်နိုင်းက ထင်ကျော်၏ ဇက်ပိုးအား ဖြောင်းကနဲ ရိုက်ချပစ်ကာ...

"ဘာကို လင်ယူမှာလဲ မင်းသမီးကို စောင့်နေတာ.."

စစ်နိုင်းပြောတော့ ထင်ကျော်က မဲ့ကာရွဲ့ကာဖြင့်...

"စောင့်စမ်းကွာ တကယ်သာဖြောင့်နေရင် သမီးပေးပြီး ခုံပေါ်မှာ မိန့်မိန့်ကြီးထိုင်ရင်း ကန်တော့ခံလိုက်အုံးမှာ.."

ထင်ကျော်၏ စကားကြောင့် အားလုံးပွဲကျသွားပြီးမှ လီယမ်က စစ်နိုင်းအား မေးဆတ်၍...

"လင်းစမ်းပါအုံး bro သတင်းတွေ အမှောင်ချထားတာ များနေပြီ..."

"မင်း သိပါတယ်ကွာ သူတို့ဘေးခြံက ဟိုမျက်လုံးစိမ်းနဲ့ ကောင်လေးလေ.."

ထင်ကျော်က ဖြတ်ပြောတော့ လီယမ်က စဉ်းစားဟန်ပြုပြီးမှ လက်ဖျောက်တီးပစ်ကာ စစ်နိုင်းအား လက်ညှိုးထိုး၍

"သိပြီ ၁၀တန်းတုန်းက မင်းခဏတိုင်း သွားသွားချောင်းတဲ့ ကလေးနှစ်ကောင်ထဲက ကပြားရုပ်နဲ့ ကလေးမှတ်လား.."

"အတိအကျပဲ.."

လီယမ်၏ အမေးကို ထင်ကျော်က စကားဝင်ထောက်တော့...

"မင်းကွာ ကလေးကို မုန့်ပေးကြိုက်တာ."

"၅နှစ်ပဲကွာတယ် ဟျောင့်.."

လီယမ်၏ စကားကို စစ်နိုင်းက လက်၅ချောင်းထောင်ပြပြီးမှ ပြန်ချေပတော့..

"မြက်နုကြိုက်တာ..."

"မင်းရော မကြိုက်လို့လား...."

"အေး ကြိုက်တယ်..ဟား ဟား ဟား.."

သီးသန့်ခန်းလေးထဲ လွတ်လွတ်လပ်လပ် ရယ်မောသံတွေ ဆူညံသွားပြီးမှ...

"တကယ်ဆိုရင်လည်း မှောင်ခိုချမနေနဲ့ ခေါ်ခဲ့လေကွာ ငါတို့နဲ့ မိတ်ဆက်ပေး..."

Green Eye(complete)Where stories live. Discover now