21. မင်းငါ့အခန်းထဲက heaterကိုဖျက်ဆီးခဲ့တာလား?

Start from the beginning
                                    

ယန်ချုံး ဝင်လိုက်သောအခါ အခန်းကအနည်းငယ်မှောင်နေသည်ကို သတိပြုမိလိုက်သည်။ ကျိရှင်းလန်၏အခန်းမှာ မျက်နှာကျက်အလင်းရောင်မရှိဘူး နူးညံ့သောလိမ္မော်ရောင်အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပနေသော အိပ်ယာဘေးကမီးအိမ်တစ်ခုသာရှိသည်။  ၎င်းသည်အခန်းအများစုကို မှိန်ဖျော့သောအလင်းရောင်ကျစေသည်။

ယန်ချုံးက ကုတင်အစွန်းတွင်ထိုင်ပြီး စာဖတ်နေတဲ့ ကျိရှင်းလန်ကို မြင်လိုက်သည်။သူရေချိုးပြီးပြီးချင်း သူ့ရနံ့ကသင်းသင်းလေးပေမယ့် လန်းဆန်းနေသည်။  သူကbathrobeကို  ဝတ်ဆင်ထားပြီး သူ့ရဲ့ထူးကဲပြီး အစွမ်းထက်တဲ့ခြေထောက်တွေကို တစ်ဖက်ကိုတစ်ဖက်ချိတ်ထားသည်။

သူကခေါင်းကိုငုံ့နေစဉ် သူ၏လှပသောပုခုံးပြင်က သူ့ကော်လာထဲသို့ အမှတ်တမဲ့ချိတ်ဆက်ထားသည့် ထောင့်ဖြတ်မျဉ်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။  အနည်းငယ်ဖွင့်ထားသောကော်လာမှ ယန်ချုံးဟာ ပါးလွှာသောအဝတ်သားမှဖြတ်၍ သူ၏သတ်မှတ်ထားသော ညှပ်ရိုးကိုအလွယ်တကူမြင်နိုင်သည်။  အလွန်အကျွံမသတ်မှတ်ရသေးသော အစွမ်းထက်တဲ့သူ၏ကြွက်သားလိုင်းများကို သူမြင်နိုင်သည်။  သူကအသေအချာကို ထုဆစ်ထားတဲ့ ရုပ်တုတစ်ခုနှင့်တူသည်။

  ကျိရှင်းလန်က ယန်ချုံး တံခါးကိုတွန်းဖွင့်ပြီးဝင်လာတာကိုတွေ့လိုက်သည်။  သူကမေးစေ့ကိုအနည်းငယ်မော့ကာ ရေချိုးခန်းထဲဝင်ရန် သူ့ကိုအချက်ပြလိုက်သည်။

ယန်ချုံးက မနေနိုင်ဘဲ “ မင်းငါ့အခန်းထဲက heaterကိုဖျက်ဆီးခဲ့လား?” ဟုမေးခဲ့သည်။

ကျိရှင်းလန် အနည်းငယ် အံ့သြသွားပုံရသည်။  "ဘာကြောင့်မင်းအဲဒီလိုထင်ရတာလဲ?  မင်းရေချိုးတာကို ငါတကယ်ကြည့်ချင်တယ်ဆိုရင် မင်းအခန်းထဲကိုငါတန်းတန်းမတ်မတ်သွားလိုက်လို့ရနေတာပဲ  "

သူပြောတာမှန်ပါတယ်။ကျိရှင်းလန်က အရှက်မရှိဘူး။ သူကသူ့ကိုအခွင့်ကောင်းယူချင်ရင် သူကအရိုးရှင်းဆုံးနဲ့ အကြမ်းတမ်းဆုံးဖက်ရှင်နဲ့ လုပ်လိမ့်မယ်။သူ့မှာဒီလှည့်ကွက်တွေလုပ်နေစရာမလိုဘူး။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now