"အန်တီနီလာက ကိုကို ကြာနေလို့တဲ့ ကျွန်တော့်ကို လိုက်ခိုင်းလိုက်တာ ကိုကိုက ဒီကိုရောက်နေတာကိုး.."

ရှင်းခန့်ပြောတော့ စစ်နိင်းက ခေါင်းငြိမ့်ပြီးတော့မှ....

"ဟုတ်တယ် ကိုယ်ရေချိုးနေတာ နည်းနည်း ကြာသွားတယ်.."

"အော် လာလေ အထဲဝင်ကြရအောင် အားလုံး ကိုကို့ကို စောင့်နေကြတာ.."

ရှင်းခန့်ပြောတော့ စစ်နိုင်းက ခေါင်းငြိမ့်ပြလိုက်ပေမဲ့လို့ ခြေလှမ်းတို့က ရွေ့မလာပဲ အကြည့်တွေက ဒေါနဆီမှာသာ ဝေ့ဝဲနေတော့ ရှင်းခန့်က သက်ပြင်းကို အသာရှိုက်ကာ....

"ဒေါန မေချို မင်းကိုရှာနေတယ်..."

နာမည်တပ်ခေါ်မှပဲ ဒေါနက စီးကရက်ခဲရင်း လှည့်ကြည့်ဖော်ရကာ..

"သိတယ်..."

အသံပြတ်ဖြင့် အေးစက်စက်ပြောပြီး ထိုင်နေရာက ထဖို့စိတ်ကူးရှိပုံမရ။

"အဲ့ဒါဆို ဝင်ခဲ့တော့လေ အားလုံး စုံနေပြီ.."

"မလာတော့ဘူး လူများတာ မကြိုက်ဘူး.."

"တခြားသူစိမ်း မရှိပါဘူး အန်တီနီလာတို့ပဲကို ပြီးတော့ အားလုံးထမင်းလက်ဆုံ စားကြမှာ မင်းပါ ပါရမှာပေါ့."

ဒေါန၏ လေသံက အေးစက်ပြတ်တောက်နေသလောက် ရှင်းခန့်ကလေသံ အေးအေးဖြင့်သာ စိတ်ရှည်ရှည်ဖြောင်းဖျနေသည်။

"ငါမပါတော့ ဘာဖြစ်လဲ အဲ့ဒီစားပွဲမှာ ငါလာထိုင်လိုက်တာနဲ့ နတ်ပြည်က နတ်သုဒ္ဓါတွေ ကျလာမှာလား စောက်ရေးမပါတာတွေ ငါ့တစ်လက် မဆုံတာနဲ့ မင်းတို့ စားသောက်ပွဲကြီးက အရသာမမဲ့သွားဘူး အရသာတောင် ပိုရှိသွားဦးမှာ.."

"မဟုတ်ဘူးလေ ကိုကို ပြန်လာတုန်း...."

"မခေါ်နဲ့တော့ သွားမယ်..."

ဒေါန၏ လေသံက မာထန်နေသလောက် ရှင်းခန့်ကတော့ လေသံအေးအေးဖြင့် စိတ်ရှည်စွာ ဖြောင်းဖျချင်နေဆဲမလို့ စစ်နိုင်း လက်မောင်းအား ဆွဲကာ စကားကို ဖြတ်ပစ်ရခြင်းသို့ ရောက်သည်။

!မလာချင်ရင် မလာနဲ့ပေါ့ ဘယ်သူက ဒီလို ရိုင်းစိုင်းတဲ့ကောင်နဲ့ မျက်နှာချင်းဆိုင်ချင်နေလို့လဲ။အချိုးကတော့ ငယ်ငယ်တုန်းကအတိုင်းပဲ မျက်ခွက်ကို ဖြတ်ရိုက်ချင်စရာ!

Green Eye(complete)Where stories live. Discover now