"အမေ လာလာဖြေးဖြေး"

ကားထဲကထွက်လာတဲ့ဖွားခင်ကိုမြင်တော့အနားသွားကာတွဲကူလေသည်။
အိမ်ကအလုပ်သမားတွေကတော့ပါလာတဲ့အထုပ်တွေဆွဲကာ
အိမ်ထဲဝင်သွားနေလေပြီ။

"ငါ့သားကိုအသားမည်းလာမယ်ထင်နေတာ"

သူတို့အနားရောက်လာတဲ့ ဦးမင်းမဟော်ကဝင်ပြောတော့အားလုံးကရီကြလေသည်။

"ဟာ ဖေဖေကတော့လုပ်ပြီ"

"လာ အိမ်ထဲဝင်ရအောင်"

အိမ်ထဲဝင်ပြီးတော့ ဖွားခင်ကခရီးပန်းလာတယ်ဟုဆိုကာ
အိမ်ပေါ်တက်သွားလေပြီ။

"အဲ့အိတ်က ရွာကအသီးအရွက်တွေထည့်ပေးလိုက်တာ၊
မျှစ်ခြောက်တွေလည်းပါတယ်"

"မျှစ်ခြောက်စားချင်နေတာနဲ့အတော်ပ"

ဧည့်ခန်းမှာဝင်ထိုင်ပြီးခနကြာ အိမ်အကူကောင်ကောင်မလေးတစ်ယောက်ကရေတစ်ခွက်ချပေးသွားလေသည်။
မေမေကဖေဖေနဲ့မညားခင်ကအစိုးရဆရာမလုပ်ဖူးတော့
ရွာတွေမှာတာဝန်ကျဖူးတယ်။ဒါကြောင့်တောဟင်းတွေဆို
တအားကြိုက်။နောက်ပိုင်း ဖေဖေနဲ့ညားပြီးကလေးမွေးတော့
ယောကျာ်းနဲ့သားကိုပိုပြီးဂရုစိုက်ပေးချင်တာနဲ့အလုပ်ကထွက်လိုက်တာ။

"မေ့သားက အချိုးတွေပြောင်းနေတယ်ရော်"

"ဘာလို့"

"တစ်ခါမှမသုံးဖူးတဲ့Fb တွေသုံးနေလို့လေ"

"အာ"

အကောင်ပေါက်လေးကိုတွေးမိသွားသဖြင့်သူပြုံးလိုက်သည်။
ဒေါ်မြတ်မူတစ်ယောက်သားပြုံးတာကိုကြည့်ရင်းဦးမင်းမဟော်ကိုလက်ကုတ်ရင်း

"ဖေကြီးရေ ရှင့်သားပြုံးနေတာမြင်လား"

"ဒီလိုပဲ ပြုံးတာပါဗျာ"

"မေ့ကိုမှန်မှန်ပြော၊မေ့အတွက်သမက်လောင်းလေးရှာခဲ့တယ်
မလား"

မင်းမြတ်မဟော်ကဘာမှမပြောပဲပြုံးသာပြုံးနေလေသည်။

"ဟောကြည့် မေပြောတာမှန်နေလို့ပြုံးနေတာမလား"

"မေမေ့ကိုမပြောဘူး"

ဆိုကာအိမ်ပေါ်တက်ပြေးသွားလေသည်။

MY VILLAGER (COMPLETED) Where stories live. Discover now