ချစ်ဝိုင်း ကိုကြီးကိုကြည့်နေတာကြာပြီ။ဒီနေ့တစ်နေ့လုံး
ကိုကြီးကမျက်နှာမကောင်းဘူး။စကားလည်း ဟုတ္တိပတ္တိ
မပြောဘူး။ထမင်းစားတော့လည်း တို့ကနန်းဆိတ်ကနန်း။
ခုလည်းထမင်းစားပြီးတော့ အိမ်ရှေ့ကသရက်ပင်အောက်မှာချထားတဲ့ခုံပေါ်မှာငုတ်တုတ်ထိုင်နေတာ။

လူကြီးတွေကတော့ ထမင်းစားပြီးနေ့လည်​​ ခဏတဖြုတ်အိပ်နေကြပြီ။မမဝိုင်းကတော့ အပ်ထည်လက်ခံထားလို့စက်ချုပ်နေတယ်။ဝိုင်းချစ်ကတော့ စားသောက်ပြီးတော့ အိမ်သာပြေးသွားပါသည်။

"ကိုကြီး ဘာဖြစ်နေတာလဲဟင်"

ကိုကြီးဘေးနားသွားထိုင်ကာမေးလိုက်တော့ကိုယ့်ကိုကြည့်လာတဲ့မျက်ဝန်းတွေကဝမ်းနည်းမှုတွေနဲ့။

"ဘာမှမဖြစ်ပါဘူး"

"ဘာမှမဖြစ်ဘူးသာဆိုတယ်၊ကိုကြီးမနက်ကနေ ခုထိမျက်နှာလည်းမကောင်းဘူး"

"တကယ်ဘာမှမဖြစ်ပါဘူး"

"ကျွန်တော်ကနှုတ်လုံပါတယ်၊ပါးစပ်မဖွာပါဘူး"

တစ်ဖက်လှည့်နဲ့သူ့ကိုရင်ဖွင့်လို့ရပါတယ်လို့ဆိုလာသောအကောင်ပေါက်ကိုကြည့်ပြီး မင်းမြတ်မှာကြည်နူးမိသည်။တကယ် ဒီကလေးကသူ့အတွက်တော့ချစ်မဝလေး။

"ကောင်မလေးတစ်ယောက်အကြောင်းတွေးမိနေလို့ပါ"

"ကောင်မလေးတစ်ယောက်"

ကိုကြီးကကောင်မလေးလို့ပြောတော့ ချစ်ဝိုင်းမှာအတွေးများ
ရသည်။ဘယ်ကကောင်မလေးအကြောင်းတွေးနေတာလဲဆိုတဲ့
အတွေးက သူ့ကိုနေရခက်စေတယ်။

"အရမ်းကိုချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ပေါ့၊
ဒီနေ့က သူမလေးဒီကမ္ဘာပေါ်ကပျောက်ကွယ်သွားတာ
ငါးနှစ်မြောက်လေ"

"ကိုကြီးပြောတဲ့ ကောင်မလေးကမရှိတော့ဘူးလား"

ခေါင်းငြိမ့်ပြလာတဲ့ကိုကြီးကိုကြည့်ပြီး ချစ်ဝိုင်းမှာမမြင်ဖူးတဲ့
ကောင်မလေးကိုသနားမိသွားပေမယ့် တစ်ဖက်မှာပျော်မိသွား
တယ်။ဒါနဲ့ကိုကြီးက အဲ့ကောင်မလေးကိုချစ်စရာလေးလို့ပြော
လိုက်တာလား။အဲ့ကောင်မလေးက သူ့လောက်ချစ်စရာကောင်းလို့လား။

MY VILLAGER (COMPLETED) Where stories live. Discover now