(Extra_4_Z) End

19.4K 843 22
                                    

"သေတစ်ပန် သက်ဆုံးထိ ချစ်မြတ်နိုးရန် ရည်ရွယ်၍ ..."





နွေရိပ်တို့ အိမ်ကနေ ပြန်လာကြသည်နှင့် နှစ်ယောက်သား ပြောစရာလိုအပ်သည့် စကားတွေ ပါလာရတော့သည်။

ကားမောင်းနေသည့် ဧသာန့်ကို နွေရိပ်က လှည့်ကြည့်ပြီး ...

"မင်း ဘာလို့ ငါ့ကို အရင်ဆုံး မပြောတာလဲ ..."

"ဘာကိုလဲ ..."

"လပ်ထပ်မယ်ဆိုတာလေ ..."

"ဒါက အထူးတလည် နှစ်ယောက်ကြားမှာ ပြောစရာ တိုင်ပင်နေစရာ မလိုဘူးလို့ ထင်လို့လေ ...
မင်းရော ငါရော လွယ်လွယ်‌လေး ချစ်ခဲ့ကြတာမှ မဟုတ်တာ ...လက်ထပ်ဖို့ ရည်ရွယ်ချက်က နှစ်ယောက်လုံးမှာ ရှိနေမယ်ဆိုတာ အသေအချာပဲလေ ...
မင်းအိမ်က လူတွေကိုသာ ငါတို့ရဲ့ ရည်ရွယ်ချက်ကို ထုတ်ပြောဖို့ လိုတာ မဟုတ်လား ...
ငါတို့ တစ်ယောက်ကို တစ်ယောက် နားလည်နေတာပဲ ...
မင်းလည်း ငါ့ကို လက်ထပ်ချင်မယ်ဆိုတာ ငါသိနေတယ် ..."

"တစ်ခါတလေ ငါ့ကို မတိုင်ပင်တတ်တဲ့ မင်းကြောင့် ငါစိတ်ခုမိတဲ့ အချိန်တွေ ရှိတယ် ..."

နွေရိပ် စကားကြောင့် ဧသာန် ကားမောင်းနေရာကနေ လှည့်ကြည့်လာခဲ့သည်။ ပြီးနောက် ကားကို လမ်းဘေးတစ်နေရာမှာ ဆွဲကပ်ကာ ရပ်ပစ်လိုက်လေတော့သည်။

"မင်းအခု စိတ်ဆိုးနေတာလား ငါ့ကို ..."

ဧသာန်က ပျာပျာသလဲ မေးလာသည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် နည်းနည်းတော့ စိတ်ထဲ ဘဝင်မကျ ဖြစ်သွားတာ ...ငါ့ကို အရင်ဆုံး မတိုင်ပင်တာ ဒီတစ်ခါတည်း မဟုတ်တော့ဘူး မင်း ...အမြဲပဲ ...ကြာတော့ ငါ့ကို လူရာမသွင်းသလို ခံစားလာရသလိုပဲ ...အခုထိ ငါ့ကို ကလေးလို မြင်နေတာလား ...ဟင် ဧသာန် ..."

"ဟာကွာ ...မဟုတ်ရပါဘူး ...ငါက မင်းလည်း ငါ့လိုပဲဆိုတဲ့ အတွေးမျိုးနဲ့ အရင်မပြောဖြစ်တာမျိုးပါ ...လူရာမသွင်းတာလည်း မဟုတ်ဘူး ...
ကလေးလို့ မြင်နေတာလည်း မဟုတ်ဘူး ...
လုံးဝ မဟုတ်ဘူးနော် နွေရိပ် ...မင်း အဲလို ငါ့ကို အထင်မှားတာမျိုး ငါကြောက်တယ် ...မဟုတ်ဘူးနော် ..."

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now