17_U

45.8K 3.6K 608
                                    

အခန်း_(၁၇)
"Date ကြည့်ရင် ကောင်းမလား ..."

ပြေလည်မှုတစ်ခုကို မဖြစ်မနေ ယူလိုက်ရပြီး ပုံမှန်အတိုင်း အလုပ်ပြန်စခဲ့ရသော နွေရိပ်။ ဝေးဝေးလည်း ပြေးချင်သေးသည်။ အနီးအနားကလည်း မခွာနိုင်ခဲ့သူ တစ်ယောက်လို သူ့အဖြစ်က အချိန်တန်ရင် ချည်တိုင်ကိုပဲ ပြန်လာနေမိခဲ့သည်။ ဧသာန်က သူ့ကို ဝေးဝေးမပြေးနိုင်အောင် ဆွဲဆွဲချည်နေခဲ့၏။

နွေရိပ်ကိုယ်တိုင်ကပဲ မပြတ်သားနိုင်လေသလား။
ဧသာန်ကပဲ ဆွဲဆောင်နိုင်လေသလား။
အချစ်ခံချင်သူနဲ့ အချစ်မပေးချင်သူ။
ဒီလိုနဲ့ပဲ ဒီသံသရာချိုချိုခါးခါးမှာ သူတို့နှစ်ယောက် လည်နေခဲ့ရတော့သည်။

သူတို့နှစ်ယောက်ရဲ့ သံသရာ စက်ကွင်းထဲကို ဝသန်လင်းဆိုသော ယောက်ျားတစ်ယောက်က ထပ်မံ ဝင်ရောက်လာခဲ့ပါ‌ေလ၏။

နွေရိပ်တစ်ယောက် ဆိုင်ပြန်ဖွင့်သည့်အခါ ထုံးစံအတိုင်း ဝသန်လင်း ရောက်လာခဲ့သည်။ ပေးထားတဲ့ ကတိအတိုင်း နွေရိပ်က သူ့ကို ကော်ဖီဖျော်စပ်နည်းတချို့ သင်ပေးရတော့သည်။ အခါတိုင်းဆို ဝသန်လင်းက နေ့လည်ခင်းနဲ့ ညနေခင်းတွေမှာ ဆိုင်ကို လာတတ်၏။

နွေရိပ်ဆီကနေ ပညာသင်ဖို့ကျတော့ ဆိုင်ဖွင့်ထားချိန်တွေဆို အနှောင့်အယှက် ဖြစ်နိုင်သည်မို့ ဆိုင်ပိတ်ချိန်မှသာ စဖြစ်လေသည်။ ညဘက် ဆိုင်ပိတ်ချိန်တွေဆို နှစ်ယောက်တည်း နာရီဝက် တစ်နာရီလောက် သင်ဖြစ်ကြသည်။

"ကျွန်တော် အိမ်မှာ ကြိတ်စက်နဲ့ ကိုယ့်ဘာသာ လုပ်ကြည့်တာတော့ အရည်က ကျဲနေတယ် နွေရိပ် ...အဲဒါဘာဖြစ်လို့လဲဟင် ..."

"အမှုန့်ကြီးရင်လည်း အရည်ကျဲတတ်တယ် ...အမှုန့်ပမာဏ နည်းရင်လည်း အရည်ကျဲတတ်တယ်ဗျ ..."

"ဟုတ်လား ကျွန်တော် ပြန်စမ်းကြည့်ရဦးမှာပဲ ဒါဆိုရင် ..."

"တစ်ခါတလေ ...အရည်ကျဲရတဲ့ တခြား အကြောင်းတွေလည်း ရှိသေးတယ် ...ကော်ဖီစေ့ အရည်အသွေး မကောင်းတာတို့ ...ဆယ်ရက်ထက် ပိုကြာတဲ့ လှော်ပြီးသား ကော်ဖီစေ့မျိုးတို့ဆို ဖြစ်တတ်တယ် ..."

"ဟုတ်လား ...ဒါဆို နောက်ကျ ကျွန်တော် သတိထားလိုက်ပါ့မယ် ..."

"အင်း ..."

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now