အခန်း_(၁၃)
"ပြဿနာကို အစဆွဲထုတ်ကြခြင်း ..."ဒီနေ့ A+ cafe ကို လေညင်းဖြူ ရောက်လာပါ၏။ ဟူဒီအညိုရောင်နဲ့ ဘောင်းဘီ ခဲဖြူရောင် ပွပွအရှည်ကို တွဲဝတ်ထားသောသူ(မ)။ ကျောလယ်လောက် ဆံပင်တွေကိုလည်း လျော့ရဲရဲ ပွယောင်းယောင်းလေး ခေါက်၍ ထုံးထားသေးသည်။
သူ(မ)က ဒီဆိုင်မှာ စာလာရေးနေတာပဲ ဖြစ်သည်။ နေရောင်ခြည် နည်းနည်းရနေသော ထောင့်ကျကျ စားပွဲတစ်လုံးမှာ သူ(မ)တစ်ယောက်တည်း နေရာယူထားလေ၏။ ကွန်ပျူတာသုံးမှ တပ်တတ်သည့် မျက်မှန်ဝိုင်း အကြည်လေးနဲ့ စားပွဲပေါ်က laptopကို တတောက်တောက် နှိပ်နေလေသည်။ သူ(မ)အရှေ့မှာ သောက်လက်စ Chocolate အေးခွက်က တစ်ဝက်ကျိုးနေပြီး sandwich ပန်းကန်ကလည်း တစ်ပိုင်းတစ်စနှင့်။
စာရေးလိုက် တောင်ကြည့် မြောက်ကြည့် လုပ်လိုက် မုန့်စားလိုက်နဲ့ သူ(မ)ပုံစံက သူ့အိမ်သူ့ယာက ဧည့်ခန်းထဲမှာ နေနေသလိုပါပဲ။ ပါးစပ်ထဲကို မုန့်တစ်ခု ထိုးသိပ်ထည့်ပြီး ဆိုင်ထဲကို ဟိုငေး ဒီငေး ကြည့်နေခိုက် အာရုံစိုက်မိစရာ မြင်ကွင်းတစ်ခုက ဝင်လာခဲ့လေသည်။
အနည်းငယ် ကြည့်ကောင်းသည့် ရုပ်ရည်နဲ့ ယောက်ျားတစ်ယောက်က ဆိုင်ထဲကို ဝင်လာခြင်းဖြစ်သည်။ အသက်ကတော့ သူ(မ)နဲ့ မတိမ်းမယိမ်းလောက် ရှိနိုင်ပါသည်။ အရပ်လည်း အတန်အသင့် ရှည်ပြီး သပ်သပ်ရပ်ရပ် ဝတ်စားထားသောကြောင့် အဆင်ဟု ခေါင်းစဉ် တပ်လို့တော့ ရနိုင်၏။
စိတ်ဝင်စား၍ မဟုတ်ဘဲ မျက်စိရှေ့ပေါ်လာသည့် အဆင်လေးကို လေညင်းဖြူ လိုက်ကြည့်နေမိသည်။ အဆင်လေးက ဆိုင်ထဲဝင်လာတာနဲ့ ကောင်တာကို တန်းသွားပြီး တစ်ခုခုမှာယူခြင်း မရှိ။ ရပ်နေပြီး ဆိုင်ထဲကို လိုက်ကြည့်နေပြန်သည်။ သူဘာရှာနေသလဲ ဆိုတာ သိချင်၍ လေညင်းဖြူလည်း ထိုင်ကြည့်နေမိသည်။
ဆိုင်အနောက်ဘက် စတိုခန်းထဲကနေ ထွက်လာသည့် နွေရိပ်က ကောင်တာဆီ ရောက်လာတာကို မြင်တော့မှပဲ အဆင်လေးက တစ်ချက်ပြုံးသွားလေသည်။ လေညင်းဖြူ သေချာကို မြင်လိုက်မိတာမျိုး။ သူ(မ) အမြင် မမှားပါချေ။ ကောင်တာမှာ နွေရိပ်ရှိနေတာ မြင်တော့မှ အဆင်လေးက သူ့ခြေလှမ်းတွေကို ရွေ့တော့သည်။
![](https://img.wattpad.com/cover/274842116-288-k560836.jpg)
YOU ARE READING
အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသော
Romanceချစ်တယ်ဆိုတဲ့ စကားလုံးက တချို့လူတွေအတွက်တော့ မလိုအပ်ဘူး။ ဒီဇာတ်လမ်းလေးက ရိုးရိုးလေးပါပဲ။ အချစ်ကို လုံးဝမယုံကြည်နိုင်သူ တစ်ယောက်နဲ့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေး တစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးပါ။ (Started On _ 27/June/2021) ခ်စ္တယ္ဆိုတဲ့ စကားလံုးက တခ်ိ...