14_Z

16.2K 766 83
                                    

အခန်း_(၁၄)
"သူငယ်ချင်းနဲ့ အိပ်မိခြင်း ..."

"သူက ငါ့ကို ဟိုလိုဒီလို စကားတွေ လာလာပြောနေလို့ ငါလည်း တစ်ခွန်းတည်း ပိတ်ပြောလိုက်တယ် ...ကျွန်မက နွေရိပ်ကို စိတ်ဝင်စားနေတာ ...ကိုဧသာန် အောင်သွယ်လုပ်ပေးပါလား ဆိုပြီး ...ငါလည်း အဲ့လို ပြောလိုက်ရော reply တောင် ပြန်မလာတော့ဘူး နင့်လူက..."

မယ်ဖြူက သူ့ကို ဖုန်းဆက်ကာ ဧသာန့်အကြောင်း အတင်းပြောနေသည်။ ဆိုင်ကို ဝန်ထမ်းကောင်လေး အသစ်တစ်ယောက် ထပ်ရောက်လာ၍ ကောင်တာမှာ သူနဲ့ထားခဲ့ကာ နွေရိပ်က ဖုန်းပြောနေတာဖြစ်သည်။ ညနေစောင်း အချိန်မှာ ဖုန်းပြောရင်း ဆိုင်အရှေ့ ခဏထွက်ကာ အညောင်းပြေ အညာပြေ လမ်းလျှောက်ဖြစ်၏။

"မဟုတ်ဘဲနဲ့ ...နင်ဘာလို့ အဲလိုတွေ သွားပြောတာလဲ ..."

"အမြင်ကတ်လို့လေ ...နင်ကြည့်နေ ငါသူ့ကို မွှေပြမယ် ...သူက လူမှားပြီး လာရှုပ်မိတာပဲ ငါ့လိုလူနဲ့ ..."

"လျှောက်လုပ်မနေနဲ့ ...ပိုဆိုးလာဦးမယ် ..."

"နင်က စိတ်ပူနေတာလား သူ့ကို ..."

"... ... ..."

နွေရိပ်မဖြေဘဲ ငြိမ်နေသည်။ လေညင်းဖြူကလည်း ဒါကို သဘောပေါက်သည်ထင်၏။ ထပ်မမေးတော့ဘဲ နောက်တစ်မျိုး ပြောင်းမေးလေသည်။

"နင်တို့အခုထိ မပြေလည်သေးဘူးလား ..."

ဟိုတစ်ရက်က စကားများထားတဲ့အကြောင်း မယ်ဖြူ့ကို သူလည်း ပြောပြထားဖူးသည်။

"အင်း သူလည်း ငါ့ဆီ မလာဘူး ...ငါလည်း သူ့ဆီမသွားဘူး ..."

လေညင်းဖြူနဲ့ ရောက်တတ်ရာရာ စကားတွေ လျှောက်ပြောနေခိုက် Studio A အပေါ်ထပ်ကနေ လူအုပ်စု တစ်စု ဆင်းလာလေသည်။ တချို့မျက်နှာတွေက မြင်နေကျ ဖြစ်ပြီး တချို့မျက်နှာတွေကတော့ သူလည်း မသိပါ။ Studioက ဝန်ထမ်းတချို့လည်း ပါလာသည်။ ထိုအထဲ‌တွင် ဧသာန်လည်း ပါ၏။

ဧသာန်က အနက်ရောင် အသားပျော့ပျော့ လက်ရှည်အင်္ကျီ ခါးအနားစတွေကို အနက်ရောင် ဘောင်းဘီရှည်တွေထဲ ခပ်လျော့လျော့ ထည့်ဝတ်ထား၏။ မီးခိုးရောင် လောင်းကုတ်ရှည် တစ်ထည်ကိုပါ ထပ်ဝတ်ထားသေးသည်။ ဖက်ရှင်ကျသော အဝတ်အစား အပြင်အဆင်၊ လမ်းလျောက်ဟန်၊ ရှည်လျားသော အရပ်အမောင်းနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ကိုယ်ဟန်ပြ မော်ဒယ်တစ်ယောက်လိုပဲ ကြည့်ကောင်းလွန်းနေသည်။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now