23_U

51.3K 3.7K 573
                                    

(A/N_ အပိုင်းနှစ် တစ်ခန်းတည်းသာ ဧသာန့် POV ပါခဲ့ပါသည်။ ကျန်သော အပိုင်းအတော်များများကတော့ နွေရိပ် POVများသာ ဖြစ်ခဲ့ပါသည်။ ယခုအပိုင်းသည် ဧသာန့်ရဲ့ POV ဖြစ်ပြီး flash back ပုံစံ အခန်းငယ်တွေအဖြစ် ထည့်ရေးလိုက်ပါ၏။)

/
/
/

အခန်း_(၂၃)
"နွေရိပ်ဟူ‌ေသာ လူသားလေးကြောင့်သာ ..."




သူငယ်ချင်း များများစားစား မရှိလှသော ဧသာန့်ဆိုတဲ့ သူ့ဘဝထဲကို နွေရိပ်ဆိုသည့် နုံအအ ကောင်လေးတစ်ယောက်က ရောက်ရှိလာခဲ့၏။ လူကသာ အေးပေမဲ့ မတရားတာမျိုးဆိုရင် ငြိမ်မနေတတ်သော ကောင်လေး။ ရန်မဖြစ်တတ်ပေမဲ့ စကားလုံး တိုစိတိုစလေးတွေနဲ့ မပြောရဲ ပြောရဲ ပြန်ခံပြောတတ်သည့်ကောင်လေး။

မကောင်းစကားတွေ အပြောခံ‌ေနရသည့် ကိစ္စတစ်ခုမှာ နွေရိပ်က သူ့ဘက်ကနေ ရပ်တည်ပေးခဲ့သည်။ ထိုကိစ္စလေး တစ်ခုကနေ အစပြုပြီး သူတို့နှစ်ယောက် သိကျွမ်းမှု အခြေတည်နိုင်သွားရသည်။ သူများအကြောင်းတွေ သိပ်စိတ်မဝင်စားဘဲ ကိုယ့်အကြောင်းကိုသာ များများ အာရုံစိုက်တတ်ကြသည့် သူတို့နှစ်ယောက်။

စကားပြောရခြင်းမှာ လေပေးလည်း ဖြောင့်ပြီး အေးအေးဆေးဆေး နေတတ်သည့် အကျင့်စရိုက်တွေကလည်း တူညီနေကြပြန်သည်။ စရိုက်တူသူတွေမို့ သူငယ်ချင်းဖြစ်ရတာ ပိုအဆင်ပြေခဲ့ရသည်။

သူ့ပထွေးရဲ့ ရိုက်နှက်မှု တစ်ခုမှာ ကြားကနေ ဝင်ကာပေးခဲ့သည့် နွေရိပ်အား သူအမြဲ အမှတ်ရနေပါသည်။ ထိုနေ့ ထိုအချိန်မှ စပြီး ဧသာန့်စိတ်ထဲမှာ နှလုံးသွင်းလိုက်မိသည်က နွေရိပ်က သူ့အတွက် အကောင်းဆုံးသော သူငယ်ချင်းကောင်းဖြစ်သည်ဟုပင်။

နွေရိပ်ဆို‌ေသာ သူငယ်ချင်းလေးအား ကာကွယ်ပေးချင်စိတ်၊ စောင့်ရှောက်ပေးချင်စိတ်တွေက ထိုနေ့ ထိုအချိန်မှစ၍ အစပျိုးလာခဲ့ခြင်းပါပဲ။

သူ့အတွက် နွေရိပ်က နွေရာသီမှာ ရှိနေတဲ့ အရိပ်အာဝါသလေးလို အေးမြစေသောသူ။ ဒီအရိပ်မှာ နားနေရခြင်းက သူ့အား ပျော်ရွှင်မှုကို ဖြစ်စေသည်။ အေးချမ်းခြင်းကို ဖြစ်စေသည်။ သူနှစ်သက်မိပါ၏။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now