10_Z

16.6K 705 34
                                    

အခန်း_(၁၀)
"ထွက်သွားတယ်။ ပြန်ရောက်လာတယ်။ ပြီးတော့ အိပ်မက်တွေကို သယ်ဆောင်လာပေးတယ်။"

ဝေးကွာနေချိန်တွေမှာ အလွမ်းတွေကသာ သူ့အတွက် အဖော်ပြုနေခဲ့သည်။ အဆက်အသွယ်မပြတ် ရှိနေတတ်သည့် ဧသာန့်ကြောင့် လွမ်းဖျားလွမ်းနာ အထိတော့ သူမဖြစ်ခဲ့ပါ။

နေ့တိုင်း ပို့ဖြစ်သော မက်ဆေ့များ ...
နေ့တိုင်း ပြောဖြစ်သော ဖုန်း‌ခေါ်ဆိုမှုများ ...
နေ့တိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စကားဖောင်ဖွဲ့ကျသည့် video call များ ...။
လူချင်းမဆုံရသည်မှ လွဲ၍ နေ့တိုင်းလိုလို အဆက်အသွယ်တွေ ရှိနေခဲ့ကြသည်။

ဒီလိုနဲ့ပဲ အချိန်တွေကို အဆင်ပြေပြေ ကျော်ဖြတ်ခဲ့ကြရသည်။
ဧသာန် မရှိသည့် အချိန်တွေမှာ နွေရိပ်ဆီတွင် မပြောင်းမလဲ ရှိနေသော အချက်က ချစ်ခြင်းတရားတွေပဲ ဖြစ်သည်။ ပြောင်းလဲသွားသည့် အရာ‌တွေလည်း နှစ်ခု‌လောက်တော့ ရှိပါ၏။
အဲဒါက သူငယ်ချင်းအသစ်တစ်ယောက် ထပ်တိုးလာခြင်းနဲ့ ပညာရပ်တစ်ခု သင်ယူထားခြင်းပါပဲ။

BL ဝတ္ထုတွေရေးသည့် စာရေးသူ မိန်းကလေးတစ်ယောက်နဲ့ အွန်လိုင်းမှာ နွေရိပ်တို့ မိတ်ဆြွေဖစ်ခဲ့ကြသည်။ အသက်တူ‌သည့် သူတွေမို့ သူငယ်ချင်းဖြစ်ရတာ ပို၍ လွယ်ကူခဲ့သည်။ နွေရိပ်ရဲ့ ပြဿနာအရပ်ရပ်ကို နားထောင်ပေးခဲ့သည့် သူ(မ)။ သူ(မ)ရဲ့ ပြဿနာအရပ်ရပ်ကို ‌နားထောင်ပေးခဲ့သည့် နွေရိပ်။

LGBTတွေအပေါ် နားလည်နိုင်သော သူ(မ)နဲ့ စကားပြောရခြင်းက နွေရိပ်အတွက်တော့ သက်သောင့်သက်သာ ဖြစ်လှသည်။ သူ့ရဲ့ တစ်ဖက်သတ် အချစ်ရေးအကြောင်း ထုတ်ဖော်ရင်ဖွင့်လို့ ရသည့် အကောင်းဆုံးသော သူငယ်ချင်းမလေးပင်။ ဧသာန် မရှိသည့် နောက်ပိုင်းမှာ ပိတ်ရက်တွေဆိုရင် နွေရိပ်အတွက် လျှောက်လည်ရန် အဖော်က သူ(မ)အပြင် မရှိခဲ့။

သူ(မ) အမည်က လေညှင်းဖြူဖြစ်ပြီး သူကတော့ မယ်ဖြူဟုသာ ချစ်စနိုးခေါ်တတ်သည်။ မယ်ဖြူက သူ့ရဲ့ အိပ်မက်တွေကို နားလည်ပေးသည်။ သူ့ရဲ့ အိပ်မက်တွေကို စတင်စေဖို့လည်း စီစဉ်ပေးခဲ့သည်။ သူ(မ)မိတ်ဆွေ တစ်ယောက်ဖွင့်ထားသည့် ကော်ဖီဆိုင်တွင် မယ်ဖြူက သူ့ကို မိတ်ဆက်ပေးခဲ့၏။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောOnde histórias criam vida. Descubra agora