26_Z

14.1K 668 14
                                    

အခန်း_(၂၆)
"Phobia အမျိုးအမည် အသစ် ..."




ဧသာန်က လူကသာ အဝေးကို ထွက်သွား၏။ သူ့ရဲ့ စိုးရိမ်မှု ဂရုစိုက်မှုတွေကတော့ နွေရိပ်အနားမှာပဲ ကျန်ရစ်နေခဲ့သေးသည်။

သူထွက်သွားပြီး ရက်ပိုင်းလောက်မှာ လေညင်းဖြူနဲ့ လင်းလဲ့ရိပ်တို့ဆီသို့ မက်ဆေ့တွေ ရောက်လာခဲ့သေးသည်။

"နွေရိပ်ကို ကျွန်တော့်အစား အဖော်ပြုပေးပါဦး လေညင်းဖြူ ...
အချိန်ရတဲ့အခါ အပြင်လေးဘာလေးလည်း ခေါ်ပြီး ထွက်လည်ပေးပါဦး ...
သူ့ကို အလုပ်ထဲမှာပဲ နစ်မနေစေချင်လို့ပါ ..."

"အစ်မလင်းလဲ့ ... နွေရိပ်ဆီ မကြာခဏ သွားကြည့်ပေးပါဦး ...
သူက အလုပ်ပင်ပန်းရင် ဖျားနာတတ်တယ် ...တစ်ယောက်တည်း နေပြီး မကောင်းဖြစ်နေမှာ စိုးလို့ပါ ...ပင်ပင်ပန်းပန်းတွေ မလုပ်အောင်လည်း နားချပေးပါဦးနော် ..."

နွေရိပ်ဆီကိုတော့ ဘာစာမှ ပို့မလာခဲ့ပါ။ onlineပေါ်ကနေလည်း အဆက်အသွယ်မရ။ social media အကောင့်တွေမှာလည်း ဧသာန့်ကို မတွေ့ရတော့ပေ။ ဖုန်းနံပါတ်သည်လည်း ခေါ်လိုက်တိုင်း စက်ပိတ်ထားတတ်၏။

တခြားလူတွေကိုတော့ အလုပ်ခရီးတစ်ခု ထွက်သွားသည်ဟု ဧသာန်က ပြောသွားသည်။ အဓိက အကြောင်းအရင်းကိုတော့ နွေရိပ်နဲ့ သူသာသိပါသည်။ ဒါက သူတို့နှစ်ယောက်ရဲ့ အချစ်ရန်ပွဲတစ်ခုပင်။

ဧသာန် တကယ်ပဲ ဘယ်ဆီ ရောက်နေပြီလဲ မသိ။ နွေရိပ် စိုးရိမ်လာမိရသည်။ ပျောက်သွားပြီး မဟုတ်တာတွေ လုပ်နေမှာလည်း စိတ်က ပူနေရ၏။

ဧသာန် မရှိတော့မှ ဧသာန်သူ့အပေါ် ဂရုစိုက်ခဲ့မှုတွေက သိသိသာသာ ရှိလာရသည်။ အနားမှာ လစ်ဟာသွားခြင်း အနေအထားတစ်ခုက သူ့ကို မပျော်မရွှင် ဖြစ်လာစေသည်။ အစားပျက် အအိပ်ပျက်နှင့် လူကလည်း ပိန်သွားရသည်။

ဧသာန့်စကားအတိုင်း လင်းလဲ့ရိပ်က နွေရိပ်ဆီ မကြာခဏ ရောက်လာတတ်၏။ သိသိသာသာ ပိန်ကျသွားခြင်းကို မြင်တော့ ...

"ဒါက ဘယ်လိုဖြစ်ရတာလဲ ...နင်အအိပ်အစားတောင် မမှန်တော့ဘူးပေါ့လေ ...အဲ့လောက်တောင် လွမ်းနေတာလား ဧသာန့်ကို ..."

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now