6_U

45.9K 4.3K 288
                                    

အခန်း_(၆)
"မုန်တိုင်း(၂) ... ချစ်ရသူက ငါ့ကိုငြင်းပြီး တခြားလူနဲ့ တွဲလေပြီ"

အချစ်ဆိုတာ အလိုလောဘ တစ်မျိုး ဖြစ်ပုံရပါသည်။
တစ်ဖက်သတ် ဇာတ်လမ်းလေး သက်တမ်းနုစဉ် အခါကတော့ ဧသာန်သူ့အနားမှာ ရှိနေတာ တစ်ခုတည်းကိုပင် ကျေနပ်ပျော်ရွှင်နေရသည်။
နည်းနည်းလေး သက်တမ်း ကြာလာသည့် အခါကျတော့ ဒီတစ်ယောက်ကို ပိုင်ဆိုင်ချင်စိတ်တွေက တစ်ရစ်ရစ် တိုး၍ ရှိလာလေသည်။
နောက်တော့ ထိုထက် ပိုလာကာ ဧသာန် သူ့ကို ပြန်ချစ်လာရင် ကောင်းမှာပဲ ဆိုသော လောဘတွေ ရှိလာပြန်တော့သည်။

ပို၍ စိတ်ကူးယဉ်မိလာသည်က သူသာ ဖွင့်ပြောလိုက်ရင် ဧသာန်ဘယ်လို တုံ့ပြန်နိုင်မလဲဆိုသော အတွေးများပင်။ သူငယ်ချင်း သံယောဇဉ် ဖြတ်ပစ်သည်အထိ ငြင်းလိုက်‌ေလမလား။ ဒါမှမဟုတ် ငြင်းလိုက်ပေမဲ့ သူငယ်ချင်းတွေလိုပဲ ဆက်နေကြမှာလား။
အကယ်၍များ ဧသာန်က သူ့အချစ်ကို လက်ခံလိုက်တယ် ဆိုရင်ရော။

စိတ်ကူး‌ေတွထဲတွင် မကြာခဏ ဧသာန့်ကို ချစ်ကြောင်းတွေ ရင်ဖွင့်ခဲ့ဖူးပါ၏။ လက်တွေ့မှာတော့ သူ‌တွန့်ဆုတ်နေခဲ့မိသည်။
ဧသာန်ဆိုသော လူဟာ သူ့အပေါ်မှာ တခြားသူတွေထက် ပို၍ သံယောဇဉ်ရှိကြောင်း နွေရိပ် သိထားသည်။ ဒါက သူ့ရဲ့ ခန့်မှန်းခြေတစ်ခုတော့ မဟုတ်ပါ။ ဧသာန်ကိုယ်တိုင် ဖွင့်ပြောခဲ့ဖူးခြင်းသာ ဖြစ်သည်။

တစ်ခါတုန်းက သူနဲ့ ဧသာန် ညဘက်ကြီး TVကြည့်နေမိကြ၏။ Romance အမျိုးအစား ဇာတ်ကားတစ်ခုကို ဧသာန့်ရဲ့ အိမ်ဧည့်ခန်းထဲမှာ နှစ်ယောက်သား ထိုင်ကြည့်‌ေနမိကြခြင်းပင်။

ဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင် မင်းသားက ပြည်ပနိုင်ငံတစ်ခုကို ကျောင်းဆက်တက်ရန် ထွက်သွားရမှာဖြစ်သည်။ အဓိကဇာတ်ကောင် မင်းသမီးကို မခွဲနိုင် မခွာရက် ဖြစ်နေသည့် မင်းသားက ပြည်ပကို ထွက်မသွားဖြစ်တော့ပေ။

ထိုဇာတ်ဝင်ခန်းကို ကြည့်နေရင်းနဲ့ ရုတ်တရက်ကြီး ဧသာန်က နွေရိပ်ကို ထပြောလာခဲ့သည်။

"ငါလည်း မင်းကြောင့်မို့လို့ နေခဲ့တာ"

ဧသာန့် မျက်နှာက သူ့ကိုကြည့်မနေပါ။ TVကို အကြည့်မပျက်ဘဲ ပြောနေတာမျိုး။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now