12_U

43.1K 4.4K 1K
                                    

အခန်း_(၁၂)
"အချစ်မခံရသော လူသား ကျွန်တော်..."




ရိုက်ကူးရေး လိုအပ်ချက်အရ Studio_A အဖွဲ့သည် အောက်ဒိုးထွက်ရိုက်ရသော အချိန်တွေလည်း ရှိတတ်ပါသည်။ အဝေးက မြို့တွေဆီသို့  ခရီးထွက် ရိုက်ကူးရမည်ဆိုလျှင် ဧသာန်က နွေရိပ်ကိုပါ ခေါ်ခေါ်သွားတတ်၏။

"ဆိုင်ထဲမှာပဲ အမြဲမနေနေနဲ့ နွေရိပ်...ပြင်ပ ခရီးလေး ဘာလေးလည်း ထွက်ကြည့်ဦး ...စိတ်ကြည်နူးပြီး ပေါ့ပါးသွားအောင်လို့ ..."

ခရီးဝေးသွားတိုင်း ဧသာန်က သူ့ကို သတိတရနဲ့ အပါခေါ်သွားတတ်သည်။ သူတို့ ခရီးထွက်တဲ့ အချိန်တွေဆိုရင် A+ cafeက ရက်ပိုင်းလောက် ပိတ်သွားရသည်။ ဧသာန့် studioကတော့ ဝန်ထမ်းတချို့ ကျန်နေခဲ့ရင် ဖြစ်ပေမဲ့လည်း ကော်ဖီဆိုင်ကတော့ နွေရိပ်မရှိရင် မဖြစ်ပါ။ ပိတ်ထားခဲ့မှသာ ရပါလိမ့်မည်။

ဧသာန့်ရည်းစား ‌မေဘယ်ပါ အတူလိုက်ပါ လာခဲ့သည်မို့ ဒီတစ်ခေါက် ခရီးက နည်းနည်းတော့ စိတ်ရှုပ်စရာ ကောင်းနေခဲ့သည်။ မျက်စိရှေ့ မမြင်နေရခြင်းက ပို၍ အဆင်ပြေနိုင်သေးသည်။ အခုတော့ သူတို့နှစ်ယောက်က ကိုယ့်မျက်စိရှေ့မှာတင် အတွဲလိုက်။

ဒီတစ်ခေါက် ရိုက်ကူးရေးရဲ့ မော်ဒယ်‌ေတွထဲမှာ  မေဘယ်လည်း ပါဝင်နေသည်။ မေဘယ် ပါလာမှန်းသိရင် နွေရိပ်လိုက်လာခဲ့မိမှာ မဟုတ်။ ဧသာန်ကလည်း သူ့ကို ဘာမှ မပြောပေ။ ‌နှစ်ရက်တာ ခရီးတစ်ခုကို ဒီလိုပဲ သည်းခံပြီး လိုက်လာခဲ့ရတော့၏။

ရှူတင်က နယ်ဘက်က တောင်ပေါ်တစ်ခုမှာ ဖြစ်သည်။ တောင်‌ေပါ်ကို လမ်းလျှောက်တက်ရင် တစ်နာရီလောက်တော့ တက်ရပါသည်။ ကားမောင်းသွားလို့ရသည့် မြေသားလမ်းလည်း ရှိတာမို့ သူတို့အုပ်စုကတော့ ကားနဲ့သာ တက်လာခဲ့ကြ၏။

တောင်ပေါ်မှာ အပန်းဖြေစခန်းလို အဆောင်လေးတွေလည်း ရှိသည်။ နယ်ခံလူတွေက ခရီးသွားဝင်ငွေရအောင် ရိုးရာအိမ်ပုံစံလေးတွေနဲ့ ဖွင့်ထားခြင်း ဖြစ်သည်။ တောင်ပေါ်ရှုခင်းတွေကတော့ အတော်လေး သာယာလှပနေ ၏။ ဒါကြောင့်လည်း ဒီနေရာကို ရွေးချယ်လိုက်ခြင်း ဖြစ်နိုင်သည်။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now