(Extra_1_Z)

15.7K 736 19
                                    

" jealous ... "






နွေရိပ်က ဧသာန့်အိမ်မှာပဲ ပြောင်းနေဖြစ်ခဲ့သည်။ လင်းလဲ့ရိပ်နဲ့ လေညင်းဖြူမှ လွဲပြီး ဘယ်သူ့ကိုမှ သူတို့နှစ်ယောက် တွဲနေကြောင်း ထုတ်ဖော်မပြောခဲ့ပေ။ သူတို့ရဲ့ ဝန်ထမ်းတွေကအစ မရိပ်မိအောင် ခိုးတွဲဖြစ်ခဲ့ကြသည်။

ဘယ်သူမှ မသိအောင် ခိုးတွဲရသည့် ဖီလင်က ရင်ခုန်စရာတော့ ကောင်း၏။ အလုပ်လုပ်နေရင်းနဲ့ တခြားလူတွေ သတိမထားမိအောင် လေးထပ်တိုက်ကို အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြင့် ပုံမှန်အတိုင်း တွေ့ကြသည်။

နှစ်ကိုယ်ကြား စကားလေးတွေ ခိုးပြောကြသည်။ Skinship ကိုလည်း မသိမသာ လုပ်ကြသည်။ သူတို့ရဲ့ ဝန်ထမ်းတွေက သူတို့ကို အမှတ်တမဲ့ မြင်လိုက်ရင်တောင်မှ သတိမထားမိကြပါ။

လူတွေက ဘာသိဘာသာပဲ နေကြ၏။ အားလုံးရဲ့ အမြင်မှာတော့ သူတို့က သိပ်ချစ်ကြသည့် သူငယ်ချင်းတွေ ဖြစ်ခဲ့သည်ပဲလေ။ လက်ကိုင် ပုခုံးဖက်၊ တစ်ယောက်နား တစ်ယောက်ကပ်ပြီး တီးတိုး ကလူနေကြလည်း သူငယ်ချင်းတွေဟုပဲ ထင်နေကြလေသည်။

ဒါက တစ်မျိုးတော့ ကောင်းပါ၏။
ဘယ်သူမှ အာရုံမစိုက်မိတာက ပိုလွတ်လပ်လှသည်။

ရည်းစား ဖြစ်ကာစမို့ အချိန်တိုင်း မျက်နှာ‌တွေ မြင်ချင်နေမိကြသည်။ ဆယ်စုနှစ် တစ်ခုစာလောက် မြင်ခဲ့ရသည့် ဒီမျက်နှာတွေကို အခုချိန်ကျမှ ငေးမဝ ကြည့်မဝ ဖြစ်နေကြရ၏။

တစ်မိနစ်လောက် ဝေးနေရရင်တောင် လွမ်းသလိုလို သတိရသလိုလိုတွေ ဖြစ်လာရသည်။ ဒါက နည်းနည်းတော့ လွန်ပါ၏။

ဒီနေ့လည်း ဧသာန်ရဲ့ Studioသို့ နွေရိပ် တက်လာခဲ့လေသည်။
ထုံးစံအတိုင်း အလုပ်ခဏအားတာနဲ့ အားရင် အားတဲ့သူက လာ‌ပြေးတွေ့ရခြင်းပင်။ ဧသာန်လည်း သူ့လိုပင် အနားရတာနဲ့ မြေညီထပ်ကို ဆင်းလာတတ်သည်။

"ဆိုင်မှာ လူရှင်းသွားလို့လား ..."

အလုပ်လုပ်နေသည့် ဧသာန်က နွေရိပ်ကို မြင်တာနဲ့ ဆီးကြိုပြီး မေးလာသည်။

"ဟုတ်တယ် ...လူပါးသွားလို့ ခဏလာတာ ..."

ဧသာန်က တစ်ချက်ပြုံးလိုက်ပြီး နွေရိပ်အနားကို ကပ်ကာ တစ်ခုခု ပြောလာ၏။

အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသောWhere stories live. Discover now